ရုပ်ဖျက်ဈေးဝယ်နေသည့်ရုပ်သံ ဖြန့်ချိ

May 30, 2017

မန်ချက်စတာဗုံးခွဲသမား အကြမ်းဖက်မှုမလုပ်ခင် ရုပ်ဖျက်ဈေးဝယ်နေသည့်ရုပ်သံ ဖြန့်ချိ

မန်ချက်စတာဗုံးခွဲသမား ဆယ်လ်မန် အက်ဘီဒီ အကြမ်းဖက်မှု မကျူးလွန်ခင် တရက်အလိုက ရုပ်ဖျက်ပြီး ဈေးဝယ်နေတဲ့ပုံတွေကို ဗြိတိန်ရဲတပ်ဖွဲ့က မေ ၂၉ ရက်နေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။ ဈေးဝယ်စင်တာရဲ့ လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ပုံတွေအရ အက်ဘီဒီဟာ မီးခိုးရောင် ခေါင်းစွပ်ပါတဲ့ အပေါ်အင်္ကျီကို ဝတ်ဆင်ထားပြီး လျှာထိုးဦးထုပ်ဆောင်းထားပါတယ်။ မီးခိုးရောင်ဖေျာ့ဖျော့ အားကစားဘောင်းဘီကို ဝတ်ဆင်ထားပြီး အားကစားဖိနပ် စီးထားပါတယ်။ သူဟာ ကုန်ပစ္စည်းတချို့ကို ဝယ်ယူပြီး ပိုက်ဆံပေးဖို့ တန်းစီနေတာကို မြင်တွေ့ရပါတယ်။ သူဟာ တိုက်ခိုက်မှု ကျူးလွန်မယ့် မေ ၂၂ ရက်နေ့ကလည်း အပြာရောင် ခရီးဆောင်အိတ်တလုံး သယ်ဆောင်လာတဲ့ပုံကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီနောက် အက်ဘီဒီနဲ့ ချိတ်ဆက်နေတဲ့ သတင်းအချက်အလက်အားလုံးကို သတင်းပေးဖို့ ဗြိတိန်ရဲတပ်ဖွဲ့ လူထုကို နှိုးဆော်ထားပါတယ်။ ရုပ်သံ - ဘီဘီစီ
4 years Ago
Up