ရုပ်တုပြတိုက်

May 20, 2018

မက္ကဆီကို ပင်လယ်ကြမ်းပြင်အောက်က ရုပ်တုပြတိုက် (ရုပ်သံ)

မက္ကဆီကိုနိုင်ငံရဲ့ ကမ္ဘာ့အကျော်ကြားဆုံး ကန်ကန်(Cancun) ရေအောက် ပြတိုက်က ပင်လယ်ရေအောက်ကြမ်းပြင်ပေါ် လူသားအရွယ် ရုပ်တု ၅၀၀ ကျော် ခင်းကျင်းပြီး ရေသတ္တဝါတွေနဲ့ ရုပ်တုတွေ ဟန်ချက်ညီနေတဲ့ ပတ်ဝန်းကျင်သိပ္ပံနဲ့ အနုပညာအကြား ပြီးပြည့်စုံလှတဲ့ အပြန်အလှန်ဆက်သွယ်မှုကို ပြသနေပါတယ်။ အကျယ်အဝန်း ၄၂၀ စကွဲမီတာရှိတဲ့နေရာမှာ ရုပ်တုတွေကို ခင်းကျင်းထားပြီး ရုပ်တုတွေရဲ့ အလေးချိန်ကတော့ တန် ၂၀၀ ကျော် လေးပါတယ်။ ဒီရုပ်တုတွေရဲ့ ဝန်းကျင်နားမှာရှိတဲ့ သန္တာကျောက်တွေ ကြီးထွားဖွံ့ဖြိုးဖို့ ရုပ်တုတွေကို အထူးပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ပင်လယ်သက်ရှိလောက/ပင်လယ်သက်တမ်းအတွက် ကျောက်တန်းတွေရှိရာနေရာ တစိတ်တပိုင်းကို ပုံဖော်ဖို့ ရည်ရွယ်ပြီး ပင်လယ်ရေအောက် ပြတိုက်ကို ခင်းကျင်းပြသတာလို့ စီဂျီတီအန်သတင်းတပုဒ်မှာ မေလ ၁၉ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up