ရုပ်ဆိုးသည့် ကျောင်းဆရာ၊ ဆရာမများအား စာသင်ကြားခွင့် မပြုတော့ရန် အီရန်ထုတ်ပြန်

August 25, 2017

ရုပ်ဆိုးသည့် ကျောင်းဆရာ၊ ဆရာမများအား စာသင်ကြားခွင့် မပြုတော့ရန် အီရန်ထုတ်ပြန်

ကျောင်းစာသင်ခန်းတွေထဲမှာ အပြင်ပန်း သွင်ပြင်လက္ခဏာတွေ ချို့ယွင်း ရုပ်ဆိုးတဲ့ ဆရာ၊ ဆရာမတွေကို သင်ကြားခွင့်ပြုမှာ မဟုတ်ဘူးလို့ အီရန် ပညာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီထုတ်ပြန်ချက်ဟာ အငြင်းပွား ဝေဖန်စရာတခု ဖြစ်နေခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း ဝေဖန်မှုတွေ ဆက်တိုက်မြင့်တက်နေခဲ့တာပါ။ ထုတ်ပြန်ချက်ထဲမှာ မျက်နှာပေါ် ဝက်ခြံတွေ၊ အမွေးအမှင်ရှိတဲ့ အမျိုးသမီးတွေနဲ့ သွားအချောင်းရေ ၂၀ ထက်နည်းပြီး သွားတွေကျဲတာမျိုး၊ ခံတွင်းပိုင်းဆိုင်ရာ ပြဿနာရှိသူတွေ၊ မျက်စိစွေစောင်းသူတွေ၊ အရောင်ခွဲခြားနိုင်စွမ်းမရှိတဲ့ အမြင်အာရုံပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိသူ ဆရာ၊ ဆရာမတွေကို စာသင်ကြားခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အီရန်နိုင်ငံမှာ အမျိုးသမီးတွေကို ခေါင်းမှာ ခြုံပုဝါလွှမ်းခြုံထားပြီး စာသင်ကြားဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ ခုလိုဆုံးဖြတ်မှုအပေါ် လတ်တလောမှာတော့ လူပြောများ ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပြီး တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သိပ္ပံပညာရှင် စတီဖင် ဟော့ကင်းလိုလူတောင် အီရန်နိုင်ငံမှာ စာသင်ကြားဖို့ တားမြစ်ခံရနိုင်တယ်လို့ ပြောနေကြပါတယ်။
4 years Ago
Up