ရုန်းကန်နေရ

July 28, 2018

ဇင်ဘာဘွေတွင် အစားအစာအတွက် ရုန်းကန်နေရမှု နှစ်ချီကြာမြင့်နေပြီဟု WFP ပြော

ဇင်ဘာဘွေနိုင်ငံဟာ အစားအစာအတွက် ရုန်းကန်နေရတာ နှစ်ချီကြာမြင့်နေပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)ကပြောကြားလိုက်ပါတယ်။ WFP ညွန်ကြားရေးမှူး ဒေးဗစ်-ဘေ(စ်)လီနဲ့ WFPရဲ့အာဖရိကတောင်ပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူး လိုလာ-ကတ်စ်ထရိုတို့က ဇင်ဘာဘွေရဲ့အစားအစာ အခြေအနေကို အခုလို ပြောကြားလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း ဇင်ဘာဘွေနိုင်ငံဟာ အစားအစာထုတ်လုပ်မှုထက် စားသုံးမှုနှုန်းက ပိုပြီးများခဲ့ တယ်လို့ လိုလာ-ကတ်စ်ထရိုကပြောပါတယ်။ အယ်လ်နီညိုနဲ့ လာနီညာ ရာသီဥတုဖြစ်ပွားမှုအပြင် ပြီးခဲ့တဲ့လေးနှစ်အတွင်း မိုးခေါင်မှုတွေကြောင့်  ဇင်ဘာဘွေနိုင်ငံဟာ အစားအစာထုတ်လုပ်နှုန်းနဲ့ စားသုံးနှုန်း ဟန်ချက်မညီမှု ဖြစ်ခဲ့တာလို့ သူကဆက်ပြောပါတယ်။ ဒါ့ပြင် ကုန်တိုက်တွေနဲ့ဈေးဆိုင်တွေဟာ ကုန်ပစ္စည်းဈေးနှုန်း တွေကို ကစားနေတာကြောင့် ဇင်ဘာဘွေနိုင်ငံသားအများစုဟာ အခြေခံစားသောက်ကုန်အတွက် တောင်အာဖရိကနိုင်ငံကို အားကိုးနေရတယ်လို့လည်း သူကပြောပါတယ်။ ဒါပေမဲ့ အချိန်တစ်ခုအကြာမှာ ဒါတွေကို ဖြေရှင်းနိုင်မယ်လို့ WFP က မျှော်လင့်ထားတယ်လို့လည်း လိုလာက ပြောကြားသွားပါတယ်။
3 years Ago
Up