ရုတ်တရက်ပေါ်လာသည့် ကြောက်မက်ဖွယ် တွင်းနက်ကြီးထဲ ဆိုင်ကယ်တစီး ထိုးကျ

August 24, 2017

ရုတ်တရက်ပေါ်လာသည့် ကြောက်မက်ဖွယ် တွင်းနက်ကြီးထဲ ဆိုင်ကယ်တစီး ထိုးကျ (ရုပ်သံ)

တရုတ်နိုင်ငံ လမ်းမတခုပေါ်မှာ ရုတ်တရက်ပေါ်လာခဲ့တဲ့ ကြောက်မက်ဖွယ် တွင်းနက်ကြီးထဲကို ဆိုင်ကယ်သမားတဦး ပြုတ်ကျခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဘေဟိုင်းမြို့ လမ်းမတခုပေါ်မှာ ဖြစ်ခဲ့ပြီး ဆိုင်ကယ်စီးအမျိုးသားဟာ လက်ကိုင်ဖုန်းနဲ့ အလုပ်ရှုပ်လာခဲ့ပြီး စိတ်ရှုပ်ထွေးနေပုံရတယ်လို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လမ်းမပေါ် တွင်းနက်ကြီးတခု ရုတ်တရက်ဖြစ်ပေါ်ခဲ့ပြီး မကြာခင်မှာပဲ ဆိုင်ကယ်သမားက လမ်းအတိုင်း စီးလာခဲ့ပြီး တွင်းထဲကို ထိုးကျသွားခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်တော့ မရခဲ့ဘူးလို့ ဆိုပါတယ်။ တွင်းနက်ကြီးဟာ အနက် ၂ မီတာ၊ အရှည် ၈ မီတာနဲ့ ၅ မီတာအကျယ်ရှိတယ်လို့ တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြကြပြီး ဘာကြောင့်ဖြစ်ခဲ့ရတယ် ဆိုတာကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဝေဘို တရုတ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး အများကတော့ ဆိုင်ကယ်သမားကို ကရုဏာသက်ခဲ့ကြကာ တချို့ကတော့ သူ့အနေနဲ့ ဆိုင်ကယ်စီးချိန်မှာ ဖုန်းအသုံးမပြုသင့်ဘူးလို့ ဝေဖန်မှတ်ချက်ပေးခဲ့ကြပါတယ်။
4 years Ago
Up