ရိုးသားသူတွေအတွက် ရည်ရွယ်တဲ့ အစိမ်းရောက်ကတ် လို့ခေါ်တဲ့ fair play card ကို အီတလီစီးရီးဘီက ဗီဆင်ဇာ တိုက်စစ်မှူး ခရစ္စတီယန်ဂါလာနို ကရရှိသွားပါတယ်။
အီတလီ စီးရီးဘီ ဖြစ်တဲ့ အန်တေလာအသင်းနဲ့ ဗီဆင်ဇာတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ သူဟာ အဲဒီကတ်အပြခံခဲ့ရတာပါ။
ကွင်းလယ်ဒိုင်က ဆုံးဖြတ်ရခက်ခဲတဲ့ အချိန်မှာ မှားယွင်းစွာ ဆုံးဖြတ်မိတဲ့ အခါ အမှန်အတိုင်း လာရောက် ဝန်ခံပြောကြားတဲ့ ကစားသမားတွေဟာ အစိမ်းရောင်ကတ် ပြသခံရမှာပါ။
ဒါကိုအီတလီ ဘောလုံးလောကမှာ ပထမဆုံး စတင်အသုံးပြုလိုက်တာပါ။
အစိမ်းရောင်ကတ် ပြခံရတဲ့အတွက် ကစားကွင်းထဲမှာ တိုက်ရိုက် ခံစားခွင့် ရှိမှာ မဟုတ်ပေမယ့် ကွင်းလယ်ဒိုင်ရဲ့ အစီရင်ခံစာပေါ် မူတည်ပြီး ဘောလုံးရာသီ ပြီးတဲ့အခါ ဘောလုံးအဖွဲ့ချုပ်တွေက အစိမ်းကတ် ပြသခံရတဲ့ ကစားသမားတွေကို ချီးကျူးဂုဏ်ပြု တာတွေ အပါအဝင် ဘောလုံးလောကရဲ့ သန့်ရှင်းတဲ့ ဆုတွေ ပေးအပ်ဖို့ကို စီစဉ်ထားပါတယ်။
4 years Ago