ရိုးရာခြင်းလုံး

May 18, 2017

ရိုးရာခြင်းလုံးအားကစားတွင် မြန်မာအသင်းကို ထိုင်းအသင်း မမီနိုင်သေး

ရိုးရာခြင်းလုံးအားကစားမှာ အဓိကပြိုင်ဘက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက ပိုပြီး တိုးတက်လာတယ် ဆိုပေမယ့်လည်း မြန်မာအသင်းကိုတော့ မမီနိုင်သေးဘူးလို့ ရိုးရာခြင်းနည်းပြချုပ်က ပြောပါတယ်။ လာမယ့် မလေးရှားဆီးဂိမ်းမှာလည်း ပြိုင်ပွဲပုံစံ ၂ မျိုး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရွှေတံဆိပ် ၂ ဆုလုံး ရယူသွားဖို့ သေချာနေတယ်လို့လည်း သိရပါတယ်။ ရိုးရာခြင်းအားကစားအနေနဲ့ လာမယ့်ဆီးဂိမ်းမှာ အမျိုးသားပြိုင်ပွဲတွေပဲ ထည့်သွင်းကျင်းပမှာဖြစ်လို့ လက်ရှိအချိန်မှာ အမျိုးသားကစားသမား ၁၀ ဦးနဲ့ လေ့ကျင့်ပြီး သွားရောက်ယှဉ်ပြိုင်မှာပါ။ နောက်ပိုင်းပြိုင်ပွဲမှာလည်း ရိုးရာခြင်းကို အခြေခံပုံစံနဲ့ ကျင်းပနေရာကနေ ပုံစံပြောင်းလဲပြီး ကျင်းပနိုင်ဖို့နဲ့ လူသိများ ပြန့်ပွားလာရေးအတွက်လည်း ကြိုးပမ်းနေပါတယ်။
4 years Ago
Up