တိုကျိုမြို့မှာ ပထမဆုံးအကြိမ် ရိုးရာလက်ဝှေ့ပွဲ Lethwei GP in Japan 2016 မှာ ချန်ပီယံထွန်းထွန်းမင်းက ယှဉ်ပြိုင်ဘက် အဒမ်(သြစတြေးလျ) ကို အလဲထိုး အနိုင်ရခဲ့ပါတယ်။
သူ့အနေနဲ့ အခုပွဲမှာ အနိုင်ရတာဟာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူသလို ပရိသတ်တွေ အားပေးမှု အပါအဝင် အဘက်ဘက်က ပံပိုးမှုတွေကြောင့်လို့ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဘက်မှ ပွဲစီစဉ်သူ ဦးဝဏ္ဏ(မြန်မာမီဒီယာဂရု)ကတော့ အခုလို မြန်မာ့ရိုးရာ လက်ဝှေ့စစ်စစ်ကို ဂျပန်နိုင်ငံမှာ ပထမဆုံး အောင်မြင်စွာ ကျင်းပနိုင်ခဲ့လို့ မြန်မာပြည်သူများ ကိုယ်စား ဝမ်းသာဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
Lethwei GP in Japan 2016 မှာ ဂျပန်လူမျိုးအများအပြား ရုံပြည့် လာရောက်ကြည့်ရှုခဲ့ပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်လည်း တက်ရောက်ဆုချီးမြှင့်ခဲ့ပါတယ်။
အခုပြိုင်ပွဲမှာ ထွန်းထွန်းမင်းနဲ့ အဒမ်(သြစတြေးလျ)၊ တူးတူးနဲ့ စိုးလင်းဦး၊ အသားသည်းတပွင့်နဲ့ ကြယ်စင်ဖြိုး၊ ထွန်းလွင်မိုးနဲ့ စောထူးအောင်၊ စောအယ်လေးနဲ့ စောထူးဇော် တို့ ပါဝင်ထိုးသတ်ခဲ့ကြတာ ဖြစ်ပါတယ်။
4 years Ago