ရိုးမားနောက်ခံလူ ပါမီရီကို ချဲလ်ဆီး ခေါ်ယူ

February 1, 2018

ရိုးမားနောက်ခံလူ ပါမီရီကို ချဲလ်ဆီး ခေါ်ယူ

ရိုးမား ဘယ်နောက်ခံလူ ပါမီရီကို ချဲလ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၁၇ ဒသမ ၅ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ ဘရာဇီးမှာ မွေးဖွားခဲ့တဲ့ အီတလီနိုင်ငံသား ပါမီရီက ချဲလ်ဆီးအသင်းလို ထိပ်တန်းအသင်းတသင်းမှာ ကစားခွင့်ရဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ စာချုပ်ချုပ်ဆိုအပြီးမှာ ပြောလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကြီးကျယ်ခမ်းနားပြီး သမိုင်းအစဉ်အလာရှိ ထိပ်တန်းအသင်းဖြစ်တာကြောင့် ပြောင်းရွှေ့လာခဲ့တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို မိမိအသက် ၁၅ နှစ်လောက်ကတည်းက စတင်ကြည့်ရှုခဲ့ပြီး နှစ်သက်စရာကောင်းတဲ့ပြိုင်ပွဲ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ အသက် ၂၃ နှစ်ရှိ ဘယ်နောက်ခံကစားသမား ပါမီရီကို ချဲလ်ဆီးအသင်းက ၄ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး ကျောနံပတ် ၃၃ ဝတ်ဆင်မှာ ဖြစ်ပါတယ်။
4 years Ago
Up