ရိုဘော့ ပိုးဟပ်

October 6, 2018

ကုန်းပေါ်နှင့်ရေထဲပါ သွားလာနိုင်သည့် ရိုဘော့ ပိုးဟပ်ကို အမေရိကန် တီထွင်

အမေရိကန် ဟားဗတ်တက္ကသိုလ် သုတေသီတွေဟာ ကုန်းပေါ်မှာရော ရေထဲမှာပါ လှုပ်ရှားသွားလာနိုင်တဲ့ ရိုဘော့ ပိုးဟပ်ကို တီထွင်လိုက်ပါတယ်။ သုတေသီ ကီဗင်ချန်က အရင်ဖန်တီးခဲ့တဲ့ ရိုဘော့ ပိုးဟပ်တွေဟာ ရေမျက်နှာပြင်မှာသာ သွားလာနိုင်ပြီး အခု ဒီရိုဘော့ကတော့ ကုန်း-ရေ နှစ်တန် သွားလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီရိုဘော့ငယ်ဟာ ဗို့အားမြင့် အသုံးပြုပြီး ရေငုပ်နိုင်တယ်လို့လည်း သိရပါတယ်။ အခုလို သေးငယ်တဲ့ ရိုဘော့တွေဟာ လူတွေ မသွားရောက်နိုင်တဲ့ နေရာတွေကို ၀င်ရောက်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ တနေ့ကျရင် ဒီရိုဘော့လေးတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်း လှိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ လူငယ်ဘောလုံး သမားတွေလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်လိမ့်မယ်လို့ သုတေသီတွေ က ပြောပါတယ်။
3 years Ago
Up