ရိုမား-လီဗာပူး

April 30, 2018

ရိုမား-လီဗာပူးပွဲစဉ်ကို အနီရောင်သတိပေးချက်ဖြင့် လုံခြုံရေး ၂၀၀၀ ကျော် ချထားမည်

ရိုးမားနဲ့ လီဗာပူးပွဲတို့ ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို အနီရောင်သတိပေးချက် သတ်မှတ်ထားပြီး လုံခြုံရေး ၂၀၀၀ ကျော် ချထားမယ်လို့ သိရပါတယ်။ ဒီပွဲစဉ်မှာ ရိုးမားပရိသတ်တွေက လီဗာပူးပရိသတ်တွေကို ပြန်လည်တိုက်ခိုက်ဖို့ စီစဉ်ထားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။ ပထမအကျော့မှာတုန်းက အန်ဖီးလ်ကွင်းအပြင်ဘက်မှာ လီဗာပူးပရိသတ်တွေက ရိုးမားပရိသတ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖြိုခွဲခဲ့ရပြီး ဒဏ်ရာရသူ အများအပြားလည်း ရှိခဲ့ပါတယ်။ ဒီပွဲကို လီဗာပူးပရိသတ် ၃၅၀၀ ကျော် လာရောက်အားပေးဖို့ရှိပြီး သူတို့ကို ကာကွယ်ပေးဖို့လည်း လီဗာပူးအသင်းဘက်က တောင်းဆိုထားပါတယ်။ ရိုးမားနဲ့ လီဗာပူးအသင်းတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်ကို လာမယ့်ဗုဒ္ဓဟူးနေ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ပထမအကျော့တုန်းက လီဗာပူးအသင်းက ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရထားပါတယ်။
3 years Ago
Up