ရိုက်​တာသတင်း​ထောက်​အမှု

January 26, 2018

ရိုက်​တာသတင်း​ထောက်​အမှု ကိုယ်​ကျိုးစီးပွားအတွက်​ အသုံးမချရန် ပြန်ကြားရေးဒုဝန်ကြီးပြော

ရိုက်​တာ သတင်း​ထောက်​နှစ်​​ဦး လွတ်​မြာက်​ရေး အမှန်​တကယ်​လိုလားခဲ့မယ်ဆိုရင် ​​ကိုယ်​ကျိုးစီးပွားအတွက်​ အသုံးမချဖို့နဲ့ ကိုယ့်ရဲ့​​ပေါ်ပြူလာဖြစ်​ဖို့အတွက်​ အသုံးမချဖို့ ပြန်​ကြား​ရေးဝန်ကြီးဌာန ဒုဝန်​ကြီး​ ဦးအောင်လှထွန်းကပြောကြားလိုက်ပါတယ်။ “ဒီအမှုနဲ့ပတ်​သက်​ပြီး​တော့ ဘယ်​သူကမှ ကိုယ်​ကျိုးစီးပွားအတွက်​ အသုံးမချပါနဲ့။ ဒီအမှုနဲ့ပတ်​သက်​လို့ ဖိအား​ပေးမှု အမျိုးမျိုးလုပ်​​နေကြတဲ့၊ ​တောင်းဆို​နေကြတဲ့ သူ​တွေအားလုံးကို ကျနော် ​မေတ္တာရပ်​ခံချင်​ပါတယ်​။ အဲဒါက​တော့ သူတို့နှစ်​ဦး တကယ်​လွတ်​​မြောက်​​ရေးကို အမှန်​တကယ်​ လိုလားခဲ့မယ်​ဆိုရင်​၊ ဒီအမှုကို ကိုယ်​ကျိုးစီးပွားအတွက်​ အသုံးအသုံးမချပါနဲ့။ ကိုယ့်​ရဲ့​ပေါ်ပြူလာဖြစ်​ဖို့အတွက်​ အသုံးမချပါနဲ့”
4 years Ago
Up