နှမ်းခင်ပျက်စီး

June 9, 2018

မုန်းတိုင်းမိုးကြောင့် ၀က်လက်မြို့နယ် နှမ်းခင်းဧက ၄၅၀၀ ခန့် ပျက်စီးနိုင်

ပြီးခဲ့တဲ့ မုန်တိုင်းမိုးကြောင့် ဝက်လက်မြို့နယ်ထဲမှာ နှမ်းခင်းဧက ၄၅၀၀၀ လောက် ပျက်စီးနိုင်တယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဝက်လက်မြို့နယ်ထဲမှာ ဒီနှစ်နှမ်းကို ပိုစိုက်ကြပြီး မိုးက တနေ့ညက အထိရွာနေတုန်းပဲလို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းက ပြောပါတယ်။ “ကျနော်တို့ သိထားတဲ့စာရင်းက မြို့နယ်ထဲမှာ နှမ်းစိုက်ဧက ၅ သောင်းလောက်ရှိတယ်။ နှမ်းက အမြစ်ကို ရေဝင်ရင် ပျက်စီးတာပဲ။ အခုရိတ်နေတဲ့ အခြေအနေကို ကြည့်ရတာက အလွန်ဆုံးရနိုင်ရင် ပုံမှန်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရတော့မယ်” လို့ ပြောပါတယ်။ မြို့နယ်ထဲမှာ ရှိတဲ့ ကျေးရွာအုပ်စု ၃၇ ခုလုံးမှာ မိုးက တပြေးညီရွာခဲ့တာကြောင့် ပျက်စီးနိုင်တာကို ခန့်မှန်းထားတာလို့ သူက ဆိုပါတယ်။ လာမယ့် တလဆိုရင် နှမ်းတွေရိတ်သိမ်းရတော့မှာ ဖြစ်ပြီး အခုကတော့ အပွင့်သိမ်းကာနီး အချိန်ဖြစ်တယ်လို့လည်း ဦးမောင်မောင်ဝင်းက ပြောပါတယ်။
3 years Ago
Up