နှစ် ၆၀ ကျော်

December 30, 2017

နှစ် ၆၀ ကျော် ခင်မင်ခဲ့သူနှစ်ဦး ဒီအန်အေစစ်ရာမှာ ညီအစ်ကိုဖြစ်နေကြောင်း သိရ

အနှစ် ၆၀ ကျော် ခင်မင်ခဲ့တဲ့ အခင်ဆုံး သူငယ်ချင်း ၂ ယောက်ဟာ အမေတယောက် တည်းကမွေးတဲ့ ညီအကိုတွေ ဖြစ်နေတာကို လတ်တလောမှာမှ သိလိုက်ရပါတယ်။ အမေရိကန်နိုင်ငံ ဟာဝိုင်အီ ပြည်နယ်သား အသက် ၇၀ ကျော် အရွယ်တွေဖြစ်တဲ့ ဝေါလ်တာ မက်ဖှာလိန်းနဲ့ အလန်ရိုဘင်ဆန်တို့ဟာ သူတို့ မိသားစု အဆက်အနွယ်ကို သိဖို့ ဒီအန်အေ မျိုးဗီဇ တိုက်ဆိုင် စစ်ဆေးတဲ့ အင်တာနက် စာမျက်နှာ တခုကို သီးခြားစီ သုံးခဲ့ကြတာပါ။ ရော်ဘင်ဆင်က မွေးစားခံရသူဖြစ်ပြီး မက်ခ်ဖှာလိန်းကတော့ သူ့ဖခင် ဘယ်သူဆိုတာ ဘယ်တုန်းကမှ မသိခဲ့ပါဘူး။ ဒီအန်အေ စစ်ဆေးမှု ရလဒ်အရ သူတို့ဟာ အဓိက ခရိုမိုဆုန်း အတော်များများ တူနေခဲ့ပါတယ်။ ဒါကြောင့် တသက်လုံး ခင်ခဲ့တဲ့ သူငယ်ချင်း ၂ ယောက်ဟာ မိခင် တယောက်တည်းက မွေးခဲ့မှန်း စစ်ဆေးမှု ရလဒ်က ပြသခဲ့ပါတယ်။ သူတို့ ၂ ယောက်ဟာ ၆ တန်းကတည်းက ခင်မင်ခဲ့တဲ့ အတန်းဖော် ဖြစ်ရုံမက ကျောင်း ဘောလုံးအသင်း တသင်းတည်းမှာ အတူတူ ကစားဖော်လည်း ဖြစ်ခဲ့တာပါ။ အခုတော့ သူတို့ဟာ ညီအစ်ကိုတွေ ဖြစ်တယ်ဆိုတဲ့ သတင်းကို ခရစ္စမတ် ပါတီမှာ သူတို့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ မျှဝေခဲ့တယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။ အခုတော့ ညီအစ်ကို ၂ ယောက်ဟာ ဆယ်စုနှစ်ချီ အချိန်တွေကို ပြန်အစားပေးတဲ့ အနေနဲ့ သူတို့ရဲ့ အငြိမ်းစားဘဝကို ခံစားဖို့ အတူ ခရီးထွက်ဖို့ စီစဉ်နေပါတယ်။
4 years Ago
Up