နှစ် ၄၀ အတွင်း ပါတီကွန်ဂရက် မြောက်ကိုရီးယား ကျင်းပမည်

April 27, 2016

နှစ် ၄၀ အတွင်း ပါတီကွန်ဂရက် မြောက်ကိုရီးယား ကျင်းပမည်

အာဏာရ အလုပ်သမားပါတီက နှစ် ၄၀ အတွင်း ပထမဆုံး ပါတီကွန်ဂရက်ကို လာမယ့်လမှာ ကျင်းပသွားမယ်လို့ မြောက်ကိုရီးယားနိုင်ငံက ကြေညာပါတယ်။ မေ ၆ ရက် ပြုံယမ်းမှာ ကျင်းပမှာဖြစ်ပြီး ပါတီအတွက် ၇ ကြိမ်မြောက်ဖြစ်သလို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း လက်အောက်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ကွန်ဂရက်လည်း ဖြစ်ပါတယ်။ အဓိက မူဝါဒ အပြောင်းအလဲ၊ ထိပ်တန်းအရာရှိတွေရဲ့ လှုပ်ရှားမှုနဲ့ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်အပေါ် မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ကြည့်တဲ့ လက္ခဏာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၇ ကြိမ်မြောက် ကွန်ဂရက်မှာတော့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ကြေညာသွားနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။ ၁၉၈၀ အောက်တိုဘာလက မြောက်ကိုရီးယား ကွန်ဂရက်ကို ကျင်းပခဲ့စဉ်က လက်ရှိခေါင်းဆောင် ကင်ဂျုံအန်းက မွေးဖွားခဲ့ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ၅ ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုအတွက် စီစဉ်နေတယ်လို့ သတင်းတွေ ထွက်လာအပြီး ပါတီကွန်ဂရက် ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုတွေက ကြီးမားတဲ့ နိုင်ငံရေး ဖြစ်ရပ်တွေနဲ့ တိုက်ဆိုင်လုပ်ဆောင်လေ့ ရှိပါတယ်။
6 years Ago
Up