နှစ် ၁၀၀ ပြည့်မွေးနေ့

July 19, 2018

နယ်လ်ဆင်မန်ဒဲလား နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ် စက်ဘီးစီးပွဲ ကျင်းပ

တောင်အာဖရိကနိုင်ငံရဲ့ အကြီးဆုံးမြို့ ဂျိုဟန်နက်စ်ဘတ်မှာ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလားရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် စက်ဘီးစီးပွဲ ကျင်းပနေပါတယ်။ ဆင်းရဲမွဲတေမှုကြောင့် ကျောင်းထွက်နေရတဲ့ မိန်းကလေးတွေအတွက် ရန်ပုံငွေ မြှင့်တင်ရေး ရည်ရွယ်ကျင်းပတာပါ။ မန်ဒဲလားဖောင်ဒေးရှင်းရုံး အဆောက်အဦရှေ့မှာ စက်ဘီးသမား အယောက် ၂၀၀ လောက် စုရုံးခဲ့ပြီး ပရက်တိုးရီးယားမြို့ထိ စက်ဘီးစီး ခရီးထွက်ကြပါတယ်။ ဒီခရီးစဉ်ဟာ ၂၀၁၀ ပြည့်နှစ်တည်းက နှစ်စဉ်ကျင်းပတဲ့ ခရီးစဉ်ဖြစ်ပြီး မန်ဒဲလားရဲ့ ကိုယ်ရေးအရာရှိက လိုအပ်သူတွေကို ကူညီရေး ရည်မှန်းစီစဉ်ခဲ့တာပါ။ စက်ဘီးစီးသူတွေက လမ်းတလျှောက် နေရာတွေမှာ အဝတ်၊ စားစရာနဲ့ ကျောင်းသုံးပစ္စည်းတွေကို လှူဒါန်းကြပါတယ်။
3 years Ago
Up