နှစ်နိုင်ငံ အငြင်းပွားရွာ ပြန်ရရေး ထိုင်းတွင် လမ်းလျှောက်ချီတက်

May 29, 2015

မဲဆောက်တွင် မြန်မာအလုပ်သမား ၂ ဦး ရိုက်သတ်ခံရ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ပေါ်က ဆောက်လက်စ ၃ ထပ်တိုက်ကြီး တခုမှာ မြန်မာအလုပ်သမား ၂ ဦး ရိုက်သတ်ခံခဲ့ရတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ မေ ၂၈ ရက် မနက် ၈ နာရီအချိန်က လူသေမှုဖြစ်ပွားကြောင်း သတင်းပို့ချက်အရ အခင်းဖြစ်ပွားရာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်ရှိ အိမ်အမှတ် ၁၂၄/၁ ဆောက်လက်စ ၃ ထပ်တိုက်ပေါ် တက်ရောက်ကြည့်ရှုစစ်ဆေးရာမှာ မာကျောသောအရာတွေနဲ့ ထုနှက်ခံထားရပြီး သေဆုံးနေတဲ့ လူ ၂ ဦးအလောင်း၊ သွေးစတွေပေနေတဲ့ သစ်သား တချောင်းကို တွေ့ရတယ်လို့ မဲဆောက်မြို့မ ရဲစခန်း တာဝန်ကျရဲအရာ ရှိ နိုင်းဆစ်ဒါ ဘိုဆမ်လီ က သတင်းထောက်တွေကို ပြောပါတယ်။ အနီးတ၀ိုက် နေထိုင်သူတို့ ပြောပြချက်အရ  သေဆုံးသူ ၂ ဦးမှာ ဦးလှဦး (အသက် ၅၀)  နဲ့ ဦးမင်းမင်း ( ၅၂) နှစ်တို့ဖြစ်ပြီး ပန်းရံအလုပ်သမားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဦးလှဦးမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ ၁၀ ချက်၊ ဦးမင်းမင်းမှာလည်း ဦးခေါင်း၊ မျက်နှာ နဲ့ ခန္ဒာပေါ်မှာ ဒဏ်ရာအသီးသီးရရှိ သေဆုံးခဲ့တာလို့ ရဲအရာရှိက ဆက်ပြောပါတယ်။ [caption id="attachment_95006" align="aligncenter" width="770"]EyWwB5WU57MYnKOuXxzrDnTgvwDwk18TIm0OjCFNgPD4Jh6KGc9eoj ဓာတ်ပုံ - thairath[/caption] ဒဏ်ရာတွေကို စစ်ဆေးချက်အရ  သေဆုံးသူတွေဟာ မသေခင်အချိန်က ခုခံထိုးကြိတ်ကြဟန်ရှိကြောင်း၊ ဒါ့အပြင် အနီးတ၀ိုက်မှာ အရက်ပုလင်း နဲ့ ပြန့်ကြဲနေတဲ့ ပစ္စည်းအသုံး အဆောင်တွေ တွေ့ရှိတဲ့အတွက်  မြန်မာအလုပ်သမားအချင်းချင်း အရက်မူး ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ယူဆရပြီး လူသတ်မှုကျူးလွန်သူတွေဟာလည်း ၄- ၅ ဦးလောက် ရှိ မယ်လို့  ရဲအရာရှိက ခန့်မှန်းပြောဆိုပါတယ်။ အဲဒီ ကျူးလွန်သူတွေဟာလည်း မြန်မာဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့ ယူဆတဲ့ အတွက် တရားခံတွေကို ဖမ်းမိဖို့ တဘက်နိုင်ငံက မြန်မာအာဏာပိုင်တွေနဲ့ ဆက် သွယ်ဆောင်ရွက်နေတယ်လို့ ရဲအရာရှိက သတင်းထောက်တွေကို ပြောသွားပါတယ်။
7 years Ago

April 18, 2015

ရွာကို မြန်မာထံမှ ပြန်လည်ရရှိရန် ထိုင်းတွင် လမ်းလျှောက်ချီတက်

မြန်မာပိုင်တယ်လို့ ပြောဆိုထားတဲ့ နယ်စပ်ဒေသက ရွာကို ထိုင်းအစိုးရက ပြန်လည်တောင်းဆိုဖို ဂျစ်အာဆာ (စေတနာရှင်စိတ်ဓာတ်) အဖွဲ့ဝင် ၃ ဦးဟာ ချန်ဖူကနေ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနကို လမ်းလျှောက်ချီတက်နေပါတယ်။ ဧပြီ ၁၄ ရက် ချန်ဖူကနေ ထွက်ခွာပြီး ကီလိုမီတာ ၅၀၀ ရှိတဲ့ ဘန်ကောက်ကို ချီတက်ကြမှာ ဖြစ်သလို သတင်းပတ် ၂ ပတ်အကြာ ဘန်ကောက်ကို ရောက်ရှိနိုင်တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းစာက ရေးပါတယ်။ ရနောင်း ခရဘူရီခရိုင်မှာ ရှိတဲ့ အင်တာနင်ဝမ်ရွာကို အစိုးရက ပြန်လည်တောင်းဆိုဖို့ သူတို့က အလိုရှိနေတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က မြန်မာ စစ်တပ်က ဒီရွာထဲကို ၀င်ပြီး ထိုင်း ၉၂ ဦးကို ဖမ်းဆီးခဲ့တဲ့ နယ်စပ်အငြင်းပွားမှု အပြီး သံတမန်ရေးအရ အာရုံစိုက်ရတဲ့ ရွာတရွာဖြစ်လာပါတယ်။ ရွာသားတွေက ၇၇ ရက်အကျဉ်းကျခံခဲ့ရတယ်လို့လည်း သတင်းမှာ ရေးပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားအပြီး ၀င်ရောက် ဖြေရှင်းပေးဖို့ နိုင်ငံခြားရေးဌာနကိုတောင်းဆိုခဲ့ပေမယ့် တစုံတရာ အကြောင်း မထူးခဲ့ဘူးလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။ ဒီနေရာမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာ ဖြစ်သလို မြန်မာက အခုမှ ပိုင်တယ်လို့ ပြောဆိုလာတယ်လို့လည်း သူက ပြောပါတယ်။ 909015နိုင်ငံရေး ကိစ္စနဲ့ပတ်သက်ရင် လူ ၅ ဦးထက်ပိုမစုရုံးဖို့ဆိုတဲ့ ညွန်ကြားချက်ကြောင့် လူ ၃ ဦးပဲ ချီတက်တာလို့ ဆိုပါတယ်။ နယ်ခြားကိုပိုင်းခြားဖို့အတွက် မြန်မာအရာရှိတွေနဲ့ ၀န်ကြီးဌာနတို့ အတူဆွေးနွေးဖို့ လိုအပ်ပေမယ့် တစုံတရာ ဆွေးနွေးတာ မရှိဘူးလို့ ဆိုပါတယ်။ မိသားစု ၃၀၀ ခန့်နဲ့ ထိုင်း ၁၀၀၀ ခန့်ဒီနေရာမှာ နေထိုင်ပြီး ရာဘာ စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ ဒီနေရာဟာ ဘယ်နိုင်ငံ အချုပ်အခြာ အာဏာ အောက်မှာ ရှိသလဲဆိုတာ မသေချာတဲ့ အတွက် ဒီနေရာမှာ မနေဖို့ ထိုင်းအာဏာပိုင်တွေက အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။
7 years Ago
Up