နှစ်နိုင်ငံသမိုင်းတွင် အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု အမေရိကန်နှင့် သြစတြေးလျ ပြုလုပ်

June 30, 2017

နှစ်နိုင်ငံသမိုင်းတွင် အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု အမေရိကန်နှင့် သြစတြေးလျ ပြုလုပ် (ရုပ်သံ)

အမေရိကန်နဲ့ သြစတြေးလျတို့ဟာ နှစ်နိုင်ငံသမိုင်းမှာ အကြီးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဇွန်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ မဟာမိတ်တွေနဲ့ တရုတ် စတဲ့ ရန်သူဖြစ်လာဖွယ်ရှိတဲ့ နိုင်ငံတွေကို အင်အားပြတဲ့ စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။ အမေရိကန်တပ်သား ၃ သောင်း ၃ ထောင်နဲ့အတူ သြစတြေးလျတပ်သားတွေ ပါဝင်တဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ တရုတ် စတဲ့နိုင်ငံတွေနဲ့ ထိပ်တိုက်တွေ့မှု စိုးရိမ်စိတ်ကို မြင့်တက်စေခဲ့ပါတယ်။ တရုတ်ဟာ တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားမှု စတဲ့ကိစ္စတွေမှာ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာကြောင့် အခုလို စိုးရိမ်မှုကို မြင့်စေခဲ့တာပါ။ အခုစစ်ရေးလေ့ကျင့်မှုဟာ တရုတ်ကို အချက်ပြလိုက်တာဖြစ်တယ်လို့ အမေရိကန်စစ်တပ် ပစိဖိတ်ဒေသတပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဟယ်ရီဟားရစ်က ပြောကြားပါတယ်။ အခုစစ်ရေးလေ့ကျင့်မှုကို သြစတြေးလျပင်လယ်ပြင်မှာ တလခန့် ပြုလုပ်မှာဖြစ်ပြီး ရေကြောင်း၊ ကုန်းကြောင်း လေ့ကျင့်မှုတွေလည်း ပြုလုပ်မှာဖြစ်ပါတယ်။
5 years Ago
Up