အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂိုမြို့မှ အမြွှာမောင်နှမဟာ နှစ်ခြားပြီးမှ မွေးဖွားလာခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ ဇန်န၀ါရီလ ၂ ရက်နေ့က ဖော်ပြ ပါတယ်။
သူတို့ကို ဆန်ဒီယေဂိုပါမာနန့် ဇီယွန်ဆေးကုသရေးစင်တာမှာ ၂၀၁၅ ခုနှစ်၊ ဒီဇင် ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူးည ၁၁ နာရီ ၅၉ မိနစ်နဲ့ ၂၀၁၆ ခုနှစ်ရဲ့ ပထမဆုံးမိနစ် ၁၂ နာရီ ၀၂ မိနစ်မှာ မွေးဖွားခဲ့တာမို့ နှစ်ခြားသွားခဲ့တာပါ။
အဲဒီဆေးကုသရေးစင်တာမှ သူနာပြု လင်းနက်ကော့တ်ဇီက “ဒါဟာ ထူးဆန်းပြီး ကျမရဲ့ သူနာပြုသက်တမ်း ၃၄ နှစ်အတွင်းမှာ တခါမှမကြုံဖူးခဲ့ပါဘူး”လို့ ပြောပါတယ်။
မိခင် မာရီဘဲလ်ဗလန်စီယာဟာ မူလက ဇန်န၀ါရီလ ၆ ရက်နေ့မှာမှ ခွဲမွေးမယ်လို့ ခန့်မှန်းထားခဲ့တာပါ။
ခုချိန်မှာတော့ ဂျေလင်းနဲ့ လူးဝစ်အမည်ရတဲ့ ကလေးငယ် ၂ ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး ဖခင်ဖြစ်သူက “ကျနော် ကလေးအမြွှာတွေ မွေးလာလိမ့်မယ်လို့ တကယ့်ကို မျှော်လင့်မထားခဲ့ပါဘူး။ ဒါဟာ နှစ်သစ်အတွက် မင်္ဂလာရှိတဲ့ သမီးတ ယောက်နဲ့ သားတယောက်မွေးဖွားလာတာပါပဲ”လို့ ဆိုပါတယ်။
7 years Ago