နှစ်ပေါင်း ၄၀၀၀ က မပြောင်းလဲသည့် မိခင်မေတ္တာ

August 11, 2015

နှစ်ပေါင်း ၄၀၀၀ က မပြောင်းလဲသည့် မိခင်မေတ္တာ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ လောက်က ငလျင်ဒဏ်ကိုကာကွယ်ရင်း ဖက်ပွေ့လျက်သား သေဆုံးခဲ့တဲ့ သားအမိနှစ်ဦး အရိုးစုတွေကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ကင်းဟိုင်ပြည်နယ်၊ မင်ဟီဒေသက မြစ်ဝါမြစ်ကမ်းမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ဘီစီ ၂၀၀၀ ပြည့်နှစ်လောက်မှာဖြစ်ခဲ့တဲ့ ငလျင်ကြောင့် မိခင်က ကလေးကို ကာကွယ်ဖက်ပွေ့ထားတဲ့ အရိုးစုတွေကို တွေ့ရတာဟာ ကြေးခေတ်ကီဂျီယာ ယဉ်ကျေးမှုကို ဖော်ထုတ်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။ ထူးဆန်းစွာပဲ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ကာလအတွင်း သူတို့မသေဆုံးခင် ရှိနေခဲ့တဲ့အတိုင်း အရိုးစုတွေကို ပုံစံမပျက် တွေ့ရှိရတယ်လို့ သတင်းကဆိုပါတယ်။ မိခင်က မိမိရင်သွေးကို နွေးထွေးစွာ ဖက်ပွေ့လျက်သား သေဆုံးခဲ့တဲ့ပုံတွေဟာ မိခင်မေတ္တာကို ဖော်ကျူးနေတာဖြစ်ပြီး တရုတ်နိုင်ငံ အင်တာနက် အသုံးပြုသူတွေကြားမှာ ကရုဏာသက်စရာ ဖြစ်နေပါတယ်။ ဓာတ်ပုံ - chinanews.com  
6 years Ago
Up