နှစ်ကျော့ပေါင်းရလဒ်ဖြင့် အက်သလက်တီကိုကိုနိုင်ပြီး ဘာစီလိုနာ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတက်

April 19, 2017

နှစ်ကျော့ပေါင်းရလဒ်ဖြင့် လက်စတာကိုနိုင်ပြီး အက်သလက်တီကို ချန်ပီယံလိဂ် ဆီမီးတက် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းတို့ ၁ ဂိုးစီ သရေကျတဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး ၁ ဂိုးနဲ့ အက်သလက်တီကိုအသင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး လူစုံထုတ် ကစားသွားပြီး တီကိုအတွက် ဦးဆောင်ဂိုးကို ၂၆ မိနစ်မှာ နီဂတ်စ်က ခေါင်းတိုက်သွင်းယူပါတယ်။ လက်စတာအသင်းက ဒီပွဲမှာ တီကိုအသင်းထက် ဘောလုံးပိုင်ဆိုင်မှု ပိုသာသလို အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ လက်စတာဘက်က ထိုးဖောက်ကန်သွင်းချက်တွေကို တီကိုဂိုးသမားနဲ့ နောက်တန်းက ဖျက်ထုတ်နိုင်လို့ အလွယ်တကူ ဂိုးမပေးရတာပါ။ လက်စတာအတွက် ချေပဂိုးကိုတော့ ၆၁ မိနစ်မှာ တိုက်စစ်မှူး ဗာဒီက သွင်းယူပါတယ်။ ချေပဂိုးရပြီးနောက်ပိုင်း လက်စတာဘက်က ထိုးဖောက်ကန်သွင်းချက်တွေကို တဘက် နောက်ခံလူတွေ ဖျက်ထုတ်နိုင်လို့ ဂိုးမပေးရတာ ဖြစ်ပါတယ်။ တဂိုးစီ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့လို့ လက်စတာရဲ့ ချန်ပီယံလိဂ် အိပ်မက်တွေလည်း အဆုံးသတ်သွားပါတယ်။
4 years Ago

February 8, 2017

နှစ်ကျော့ပေါင်းရလဒ်ဖြင့် အက်သလက်တီကိုကိုနိုင်ပြီး ဘာစီလိုနာ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ ဖေဖော်ဝါရီ ၇ ရက်ညက ယှဉ်ပြိုင်ရာ တဘက် တဂိုးစီ သရကျသွားပါတယ်။ ပထမအကျော့ တီကိုကွင်းမှာ ယှဉ်ပြိုင်ခဲ့တုန်းက ဘာစီလိုနာက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ဘာစီလိုနာ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဒီပွဲဟာ ပွဲကြမ်းတပွဲဖြစ်ခဲ့ပြီး နှစ်သင်းစလုံး အနီကတ်၊ အဝါကတ်တွေ ပလူပျံအောင် ပြသခံခဲ့ရပါတယ်။ ဘာစီလိုနာကစားသမား ၂ ဦး နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရသလို တီကိုကစားသမားတဦးလည်း နှစ်ဝါတနီနဲ့ပဲ အထုတ်ခံခဲ့ရပါတယ်။ ဒီပွဲမှာ နှစ်သင်း ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိခဲ့ပေမယ့် ထိုးဖောက်တိုက်စစ်ဆင် ဂိုးကန်သွင်းခွင့်မှာတော့ တီကိုက အသာရခဲ့ပါတယ်။ ဒါပေမယ့် အဖွင့်ဂိုးကိုတော့ ဘာစီလိုနာက ရရှိသွားပြီး ပွဲချိန် ၄၃ မိနစ်မှာ ဆွာရက်ဇ်က အနီးကပ် သွင်းယူပေးခဲ့တာပါ။ ဒီ့နောက် မိနစ် ၈၀ မှာ အက်သလက်တီကို ပယ်နယ်တီကန်သွင်းခွင့်ရပြီး တိုက်စစ်မှူး ဂါမဲရိုး ကန်သွင်းချက် ဂိုးပေါ်ထောင်သွားလို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၈၃ မိနစ်မှာ ဂါမဲရိုးကပဲ အနီးကပ်ပိတ်သွင်းပြီး အက်သလက်တီကိုအတွက် ချေပဂိုး သွင်းယူပေးခဲ့ပြီး ၁ ဂိုးစီ သရေကျသွားပါတယ်။ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် နောက်ပွဲစဉ်အဖြစ် အလာဗက်စ်နဲ့ ဆယ်လ်တာဗီဂိုတို့ ဒီနေ့ည ယှဉ်ပြိုင်မှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ မေလ ၂၈ ရက်နေ့မှာ ဘာစီလိုနာနဲ့ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
4 years Ago
Up