နှစ်သန်းပေါင်း၂၅၀ ကျော်က ပင်လယ်သတ္တဝါကြီးအရိုးစုမဟုတ်ဟု ပညာရှင်များ သုံးသပ်

A d v e r t i s e m e n t With Us

November 10, 2016

နှစ်သန်းပေါင်း၂၅၀ ကျော်က ပင်လယ်သတ္တဝါကြီး အရိုးစုမဟုတ်ဟု ပညာရှင်များ သုံးသပ်

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၀ကျော်က “ပင်လယ် ဧရာမ ရေသတ္တဝါ” လို့ ယူဆရတဲ့ ထူးဆန်းတဲ့ အရိုးစုကြီးကို ရုရှနိုင်ငံ စက်က်ဟလင်အော့လက်စ်ထ်ဒေသ အရှေ့ဘက်ဝေးဝေးက ရွာလေးတရွာရဲ့ ကမ်းစပ်ပေါ်မှာ တွေ့ခဲ့ရပါတယ်။ ဒီဧရာမ ပင်လယ်ရေသတ္တဝါကြီးရဲ့ အရိုးတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ ဂျုရက်ဆစ်နဲ့ ထရိုင်ရက်ဆစ်ကာလ (နှစ်သန်းပေါင်း ၁၉၉ ဒသမ ၆ မှ ၁၄၅ ဒသမ ၅ သန်း) တွေအတွင်း သတ္တဝါထဲက တမျိုးဖြစ်တဲ့ အစ်ခ်ျ်သိုင်ရိုဆောရက်ရဲ့ အရိုးစုလို့ ယူဆခဲ့ကြတယ်လို့ နိုဝင်ဘာ ၉ ရက် မေရာသတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ “ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ ဒေါ်လ်ဖင်” ရဲ့ အရိုးစုကြီးလို့ သိပ္ပံပညာရှင်တွေက ယူဆနေပါတယ်။ ကျွမ်းကျင်သူတွေက ရုရှရွာလေးရဲ့ ကမ်းခြေပေါ်မှာတွေ့ခဲ့တဲ့ ရေသတ္တဝါရဲ့အရိုးစုဟာ “စိတ်မချမ်းမြေ့ဖြစ်ပြီး သတ်သေခဲ့တဲ့ ပင်လယ်ရေသတ္တဝါ တကောင်” သာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ သတင်းဓာတ်ပုံထဲမှာလည်း ပုပ်သိုးဆွေးမြည့်နေတဲ့ ရေသတ္တဝါကြီးရဲ့ အရိုးတွေပေါ်မှာ သဲတွေ ရေညှိတွေ ဖုံးလွမ်းနေတာ တွေ့မြင်ရမှာပါ။ အစ်ခ်ျ်သိုင်ရိုဆောရက်ရဲ့ အရိုးစုလို့ မှားယွင်းစွာ ထွက်ပေါ်လာချိန်မှာ ဒီသတင်းက နာမည်ကြီးပြီးပျံ့နှံ့သွားခဲ့တာပါ။ ဒေသခံ စက်က်ဟလင် သုတေသနဌာနရဲ့ သိပ္ပံပညာရှင် နစ်ကိုလေကင်မ်က ဒါက ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တဲ့ ဒေါ်လ်ဖင်ရဲ့ အရိုးစု ပိုဖြစ်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။ “ပါးစပ် မေးရိုးတွေကို ကြည့်တဲ့အခါ ဒါက ဒေါ်လ်ဖင်ပဲ။ ဒါပေမယ့် ကမ်းပေါ်ကို ရောက်လာတဲ့ပုံက ပုံမှန်ဒေါ်လ်ဖင်တွေလိုတော့ မဟုတ်ဘူး ဖြစ်နေတယ်။ ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာကို မသိပေမယ့် ဝေလငါးတွေကသာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကမ်းခြေဘက်ကို ခုန်ချတာလို့ သိထားကြတာ” လို့ နစ်ကိုလေကင်မ်က ပြောခဲ့ပါတယ်။ “ဒီရေသတ္တဝါကြီးက ပုပ်သိုးဆွေးမြည့်လုနီးပါးဖြစ်နေတော့ မျိုးစိတ်ကို အတိအကျ ခန့်မှန်းဖို့တော့ ခက်တယ်။ ဒါပေမယ့် ဒေါ်လ်ဖင်ဖြစ်မယ်ဆိုတာတော့ သံသယရှိစရာ မလိုပါဘူး” လို့ ပြောပါသေးတယ်။
4 years Ago
Up