ဂျပန်နိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ ပွဲတော်တခုဖြစ်တဲ့ နှစ်သစ်ကူး စိတ်ဝိညာဉ်သန့်ရှင်းပွဲတော်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့က တိုကျိုမြို့ ရှင်တိုဘုရားကျောင်းတကျောင်းအတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
ဒီပွဲတော်ဟာ ရေခဲတုံးတွေထည့်ထားတဲ့ အစိမ်းရောင်ကန်တွေထဲကို ရိုးရာနံငယ်ပိုင်း အဝတ်ဖြူတွေ ဝတ်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေက ဝင်ရောက်ကာ သန့်စင်ဆေးကြောပြီး ဝတ်ပြုဆုတောင်းကြရတာမျိုးပါ။
ပွဲတော်ကို နှစ်တနှစ်ရဲ့ ဒုတိယသီတင်းပတ် တနင်္ဂနွေနေ့မှာ စတင်ပြုလုပ်လေ့ရှိပြီး နှစ်ဟောင်းမှ စိတ်အညစ်အကြေးတွေကို ဆေးကြောသန့်စင်တဲ့ အထိမ်းအမှတ်ပွဲတော်တခုဖြစ်ကာ ဒါဟာ သူတို့ရဲ့ စိတ်ဝိညာဉ်ကို သန့်ရှင်းစင်ကြယ်စေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
အခုနှစ်ကျင်းပတဲ့ ပွဲတော်ကတော့ ၆၂ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ဘုရားကျောင်းဟာ ပြန်လည်ပြုပြင်နေတာမို့ ကျောင်းအနီးက ပန်းခြံထဲမှာ ပြုလုပ်ခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးသမီး ၉ ဦး အပါအဝင် ပါဝင်ဆင်နွှဲသူတွေဟာ ရေခဲကန်တွင်းကို မဆင်းခင်မှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။
အခုနှစ်ကျင်းပတဲ့ ပွဲတော်နေ့မှာ အပူချိန် ၂ ဒီဂရီစင်တီဂရိတ်နီးပါးသာ ရှိတာမို့ ဒါဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အအေးဆုံးပွဲတော်နေ့တနေ့ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
6 years Ago