ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာနဲ့ အဲဗာတန်တို့ ဧပြီ ၉ ရက်ညက ယှဉ်ပြိုင်ရာ လက်စတာအသင်း ရှုံးနိမ့်ပြီး နည်းပြသစ်လက်အောက် ရှုံးပွဲမရှိသေးတဲ့စံချိန် ရပ်တန့်သွားပါတယ်။
ဒီပွဲမှာ အဲဗာတန်က လက်စတာကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားတာပါ။
ပွဲအစ ၁ မိနစ် မပြည့်ခင်မှာပဲ အဲဗာတန်အတွက် ဦးဆောင်ဂိုးကို ဒေဗီးစ်က သွင်းယူပါတယ်။
ပွဲစတာနဲ့ နှစ်သင်းစလုံး ကစားရှိန်တင်ပြီး ကစားသွားပါတယ်။
ဒီနောက် ပွဲချိန် ၄ မိနစ်မှာ လက်စတာအတွက် ချေပဂိုးကို တန်ပြန်တိုက်စစ်ကနေတဆင့် ဆလာမာနီက သွင်းယူပါတယ်။
ပွဲကစားချိန် ၁၀ မိနစ်မှာတော့ လက်စတာအတွက် ဒုတိယဂိုးကို တိုက်စစ်မှူး အော်ဘရစ်က ဖရီးကစ်ကနေ တိုက်ရိုက်သွင်းယူပါတယ်။
အဲဗာတန်အတွက် ချေပဂိုးကို ၂၃ မိနစ်မှာ တိုက်စစ်မှူး လူကာကူက ခေါင်းတိုက် သွင်းယူပါတယ်။
လူကာကူဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းပြ ကစားနေသူဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ပယ်ချထားသူလည်း ဖြစ်ပါတယ်။
နောက်ပိုင်းမိနစ်တွေမှာ အဲဗာတန်က ထိုးဖောက်ကန်သွင်းခွင့် ပိုရခဲ့ပေမယ့် လက်စတာက တန်ပြန်တိုက်စစ်တွေကို အသုံးပြုသွားပါတယ်။
အဲဗာတန်အတွက် တတိယဂိုးကို ဂျာဂယ်ကာက ခေါင်းတိုက်သွင်းယူပါတယ်။
အပိတ်ဂိုးကိုတော့ တိုက်စစ်မှူး လူကာကူက သွင်းယူပြီး ၄ ဂိုး ၂ ဂိုးနဲ့ အဲဗာတန် အနိုင်ရသွားပါတယ်။
ဒီဂိုးဟာ လူကာကူအတွက် ပရီးမီယားလိဂ် ၂၃ ဂိုးမြောက် သွင်းယူတဲ့ဂိုးလည်း ဖြစ်ပါတယ်။
အဲဗာတန်အသင်း သမိုင်းမှာတော့ လူကာကူက ဂိုးသွင်းအများဆုံးသူအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
ဒီပွဲနိုင်တဲ့ အဲဗာတန်က ၅၄ မှတ်နဲ့ အဆင့် ၇ မှာ ရှိနေပြီး လက်စတာက ၃၆ မှတ်နဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။
4 years Ago