နှစ်ရှည်အကျဉ်းသား ၂ ဦးလွတ်မြောက်မှု ထောင်ဝန်ထမ်းတဦးကို ဖမ်းဆီး

June 25, 2015

နယူးယောက်ထောင်ပြေးအမှု ကူညီခဲ့သည့် ၀န်ထမ်းတဦးကို ထပ်မံဖမ်းဆီး

အမေရိကန်ပြည်ထောင်စု နယူးယောက်အကျဉ်းထောင်တခုကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ ထောင်ပြေး ၂ ဦး ကူညီခဲ့မှုနဲ့ ထောင်ဝန်ထမ်း နောက်တဦးကို ဇွန် ၂၄ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ထောင်ထဲကိုသွင်းတဲ့ ဟမ်ဘာဂါအသားတွေထဲမှာ ထောက်ဖောက်ရာမှာ သုံးခဲ့တဲ့ လုပ်ငန်းသုံး စက်ပစ္စည်းတွေကို ခိုးသွင်းပေးခဲ့တယ်လို့ ရဲတွေက ယုံကြည်ထားပါတယ်။ အသက် ၅၇ နှစ်အရွယ် ဂျင်းဖာမာ (Gene Palmer) ရဲ့ ရှေ့နေကတော့ သူထောင်ထဲကို အသားတွေ သွင်းပေးခဲ့တာ မှန်ပေမယ့် အဲ့ဒီထဲမှာ ကိရိယာပစ္စည်းတွေ ပါလာတာကို သူ မသိခဲ့သလို၊ ထောင်သားတွေ ထွက်ပြေးမယ်မှန်းကိုလည်း သူ မသိရှိခဲ့ဘူးလို့ ပြောဆိုပါတယ်။ ပထမဖမ်းဆီးခံရသူ ထောင်ဝန်ထမ်းအမျိုးသမီးကိုတော့ စတင်ရုံးတင် စစ်ဆေးနေပြီဖြစ်ပါတယ်။ ထောင်ပြေး ၂ ဦးလုံး ဇွန်လ ၆ ရက်နေ့ကနေ အခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး သူတို့ ၂ ဦးမှာ အနည်းဆုံး လက်နက်တလက် ရရှိထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ယုံကြည်ထားကြပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့တွေဟာ နယူးယောက်ပြည်နယ်မြောက်ပိုင်း ၇၅ မိုင် ဧရိယာ အကျယ်မှာ အဓိကထားပြီး ရှာဖွေနေကြပါတယ်။
6 years Ago

June 22, 2015

နယူးယောက်အကျဉ်းထောင်မှ ထောင်ပြေး ၂ ဦးကို အင်အားအလုံးအရင်းဖြင့် ပိုက်စိပ်တိုက်ရှာဖွေနေ

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် အနောက်ပိုင်းက မြို့တမြို့မှာ ရဲအဖွဲ့က နာမည်ကြီး ထောင်ပြေး ၂ ဦးကို ရှာဖွေနေပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ကလင်တန် အကျဥ်းထောင်ကနေ  ထောင်ဖောက်ထွက်ပြေးသွားတဲ့ အသက် ၄၈ နှစ်အရွယ် ရစ်ချက် မတ်နဲ့ အသက် ၃၄ နှစ်အရွယ် ဒေးဗစ် ဆွပ်တို့ကို ဟိုနား ဒီနားမှာ တွေ့ရတယ်ဆိုတဲ့ သတင်းတွေ အရင်ရက်တွေကလည်း ထွက်ပေါ်ခဲ့ပါတယ်။ အရင်က နယူးယောက်အကျဥ်းထောင်ကနေ ထွက်ပြေးသွားတဲ့ ထောင်သားတွေကို ၃ ရက်အတွင်းမှာပဲ ဖမ်းဆီးနိုင်ခဲ့ပေမယ့် အခုတခေါက်မှာတော့ လူသတ်တရားခံ ၂ ယောက်ကို ဖမ်းဖို့ အင်အားအလုံးအရင်းနဲ့ ပိုက်စိပ်တိုက် ရှာဖွေခဲ့ပေမယ့် မမိသေးပါဘူး။ အခုဆိုရင် ရှာဖွေနေတာ ၁၅ ရက်ရှိနေပြီး ရှာဖွေရေး နယ်မြေကိုလည်း တနိုင်ငံလုံးကို ဖြန့်ကျက်ထားလိုက်ပါပြီ။ ဒါပေမယ့် တော်တော်များများကတော့ ထောင်ပြေး ၂ ယောက်ဟာ တောတောင် ထူထပ်တဲ့ နယူးယောက်ပြည်နယ်ထဲက အတ်ဒီရွန်ဒတ် တောင်တန်းဒေသနဲ့ ဗာမောက်ပြည်နယ်ထဲက ဂရင်းတောင်တန်း ဒေသမှာ ပုန်းနေနိုင်တယ်လို့ ခန့်မှန်းပါတယ်။
6 years Ago
Up