နှစ်ပတ်လည်အစည်းအဝေး

March 5, 2019

တရုတ်ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး စတင်

တရုတ်ပြည်သူ့ကွန်ဂရက်ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၅ ရက်နေ့မှာ စတင်တဲ့အတွက် ကိုယ်စားလှယ်တွေဟာ ဘေဂျင်းမြို့ကို ရောက်ရှိလာပါတယ်။ ဒီဆွေးနွေးပွဲတွေဟာ တရုတ်-အမေရိကန် ကုန်သွယ်ရေး တင်းမာနေချိန်နဲ့ တရုတ်စီးပွားရေး နှေးကွေးတာနဲ့ပတ်သက်လို့ စိုးရိမ်နေချိန်မှာ စတင်ခဲ့တာပါ။ တရုတ်စီးပွားရေးနဲ့ ပတ်သက်လို့ ယူနန်ပြည်နယ် အနောက်တောင်ပိုင်း ကိုယ်စားလှယ်တဦးက “အရေးကြီးဆုံးက ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး အားနည်းချက်ကို ရှောင်ရှားဖို့ပဲဖြစ်ပါတယ်။ တမူထူးခြားတဲ့ပုံစံနဲ့ တရုတ်စီးပွားရေးကို တည်ဆောက်နိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၃,၀၀၀ ဝန်းကျင်ဟာ ပြည်သူ့လွှတ်တော်ခန်းမဆောင်ကြီးမှာ စုဝေး ရောက်ရှိနေကြပါတယ်။ ဝန်ကြီးချုပ် လီကွတ်ချောင်ရဲ့ နှစ်ပတ်လည် လုပ်ငန်းအစီရင်ခံစာမှာ တရုတ်ပြည်ဟာ ထူးခြားရှုပ်ထွေး ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး တရုတ်စီးပွားရေး ကျဆင်းမယ့် ဖိအားကို ကြုံတွေ့နေရတယ်လို့ အလေးထား ပြောကြားထားပါတယ်။
3 years Ago
Up