နှစ်စဉ် သန်းချီ တိရစ္ဆာန်များကို အိမ်မွေးကြောင်က သတ်ဖြတ်

June 28, 2015

နှစ်စဉ် သန်းချီ တိရစ္ဆာန်များကို အိမ်မွေးကြောင်က သတ်ဖြတ်

အိမ်မွေးကြောင်တွေဟာ သန်းပေါင်းများစွာသော တိရစ္ဆာန်တွေကို နှစ်စဉ် သတ်ဖြတ်နေရတယ်လို့ အင်္ဂလန်နိုင်ငံက ပြုလုပ်တဲ့ သုတေသန စာတမ်း တခုကရေးပါတယ်။ တောရိုင်း တိရစ္ဆာန်တွေကို အိမ်မွေးကြောင်တွေက အန္တရာယ်ပေးနေတယ်ဆိုတာကို ပိုင်ရှင်တွေက မသိရှိဘူးလို့လည်း စာတမ်းမှာ ဖော်ပြထားပါတယ်။ ကြွက်တွေ၊ ငှက်တွေ အထူးသဖြင့် စာကလေးနဲ့ တခြား နို့တိုက် သတ္တ၀ါ တချို့ဟာ ကြောင်တွေရဲ့ သားကောင်တွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လန်ဒန်ကွင်းမေရီနဲ့ အက်ဆီတာတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသန စာတမ်းဟာ  အင်္ဂလန်နိုင်ငံ စတာလင်မြို့အနီးက သော်န်ဟေးလ်ရွာနဲ့ ကွန်ဝေါလ်မြို့က မော်နမ် စမစ်ရွာ ၂ ရွာက အိမ်ထောင်စု ၅၈ စုက အိမ်မွေးကြောင် ၈၆ ကောင်ရဲ့ အမဲလိုက်တဲ့ အလေ့အထကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ ကြောင်တွေဟာ တောရိုင်းတိရစ္ဆာန်တွေကို အန္တရာယ်ပြုနေတာကို ကြောင်ပိုင်ရှင် ၆၀ ရာခိုင်နှုန်းကသဘောမတူသလို ၁၃ ရာခိုင်နှုန်းက လက်ခံဖို့ ပြင်းပြင်းထန်ထန် ငြင်းတယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံမှာ အိမ်ထောင်စုတွေရဲ့ ၂၃ ရာခိုင်နှုန်းဟာ အိမ်မွေးကြောင် ၁၀ သန်းကျော်မွေးမြူကြတာပါ။
6 years Ago
Up