နှစ်ကူးအမီ အိမ်ပြန်သူများကြောင့် သောင်းချီ တရုတ်ခရီးသွားများ ဘူတာတွင် သောင်တင်

February 3, 2016

နှစ်ကူးအမီ အိမ်ပြန်သူများကြောင့် သောင်းချီ တရုတ်ခရီးသွားများ ဘူတာတွင် သောင်တင် (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်း ဂွန်ဇူးက ဘူတာရုံမှာ နှစ်သစ်ကူးအမီ အိမ်ပြန်တဲ့အတွက် သောင်းနဲ့ချီတဲ့လူတွေ ဘူတာမှာ သောင်တင်နေပါတယ်။ အိမ်ပြန်သူတွေများတဲ့အတွက် လက်မှတ်တွေအားလုံး ရောင်းကုန်သွားသလို တာရှည် စောင့်ဆိုင်းခဲ့ရပြီး ခရီးစဉ်တွေလည်း နှောင့်နှေးခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ သောင်တင်ခဲ့ပြီးတဲ့ ၃ ရက်မှာတော့ ဆိုးဝါးတဲ့ ဒီအခြေအနေကို ကျော်ဖြတ်နိုင်ပြီလို့ တရုတ်စီစီတီဗွီသတင်းက ထုတ်လွှင့်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်က ဂွန်ဇူးက ဘူတာမှာ လူ ၅ သောင်းလောက်အထိ ရှိခဲ့ပေမယ့် ဖေဖော်ဝါရီ ၃ ရက်မှာတော့ ၃ သောင်း ၃ ထောင်အထိ ရှိတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဘူတာဟာ လူ ၄ သောင်းကျော်ကျော်လောက်ပဲ ဆန့်တယ်လို့ ဆိုပါတယ်။ ဘူတာရုံကို အစောကြီးမလာဖို့လည်း တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ ဒီနှစ်အတွက် တရုတ်နှစ်ကူးဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ကျရောက်မှာ ဖြစ်ပါတယ်။
6 years Ago
Up