နှင်းပြိုကျမှု

May 5, 2018

စပိန်တွင် နှင်းပြိုကျမှုထဲ ပါသွားသည့် တောင်တက်သမား ၂ ဦးကို ကယ်တင်

စပိန်နိုင်ငံ ပိရိနဲ့ဇ် တောင်တန်းမှာ မေလ ၂ ရက်နေ့က နှင်းပြိုကျခဲ့မှုနဲ့အတူ ပါသွားတဲ့ တောင်တက်သမား ၂ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ အသက် ၅၉ နှစ် နဲ့ ၅၅ နှစ်အရွယ် တောင်တက်သမားနှစ်ဦးဟာ နှင်းပြိုကျမှုနဲ့အတူ မီတာ ၅၀ လောက် လျှောပါသွားခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။ နှင်းတောင်ပြိုကျခဲ့တဲ့ ပန့်တာ ဆွယ်လ်တာ တောင်ပေါ်ကို ကယ်ဆယ်ရေး ရဟတ်ယာဉ် ဆင်းသက်ပြီး တောင်တက်သမားနှစ်ဦးကို ကယ်တင်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက် မီဒီယာ ပေါ်မှာ တွေ့ရပါတယ်။ သက်ဆိုင်ရာရဲ့ တရားဝင် ထုတ်ပြန်ချက်အရ တောင်တက်သမားတဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ပြီး ကျန်တဦးက ထိခိုက်မှုမရှိခဲ့ပါဘူး။
3 years Ago
Up