နှင်းပြိုကျ

February 20, 2019

ဆွစ်ဇာလန် နှင်းလျှောစီးစခန်းတခုတွင် နှင်းခဲပြိုကျ၊ လူ ၄ ဦး ဒဏ်ရာရ

ဆွစ်ဇာလန်နိုင်ငံ နှင်းလျှောစီးစခန်းတခုမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က နှင်းခဲတွေ ပြိုကျခဲ့တာကြောင့် လူလေးဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး အဲဒီထဲကတဦး ဒဏ်ရာပြင်းထန်ပါတယ်။ ပြိုကျနေတဲ့ နှင်းခဲတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနိုင်တာကြောင့် ဆက်ရှာနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီမတော်တဆဖြစ်ရပ်မှာ လက်ရှိအချိန်ထိ သေဆုံးသူ မရှိသေးပါဘူး။ ရဟတ်ယာဉ် ၈ စီး၊ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်ပြီး ဆောင်ရွက်နေကြပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ သီတင်းတပတ်ကြာ အပူချိန်မြင့်တက်လာပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့က နှင်းခဲတွေ ပြိုကျခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up