နှင်းလျှောစီးပွဲ

April 2, 2018

ကမ္ဘာ့စံချိန်တင်ရန် ကြိုးစားသည့် ဘီကီနီဝတ် လူထောင်ချီ နှင်းလျှောစီးပွဲ (ရုပ်သံ)

ရုရှားနိုင်ငံမှာ ဘီကီနီဝတ် နှင်းလျှောစီးသူ ထောင်ဂဏန်းဟာ ကမ္ဘာ့စံချိန်ချိုးဖို့ ကြိုးစားခဲ့ကြပါတယ်။ ဆိုချီမြို့မှာ မတ်လ ၃၁ ရက်နေ့က နှင်းလျှောစီးသူနဲ့ နှင်းစကိတ်ဘုတ်စီးသူတွေဟာ ရေကူးဝတ်စုံလေးတွေဝတ်ကာ နှင်းလျှောစီးကြပြီး ကမ္ဘာ့စံချိန်ချိုးဖို့ မျှော်လင့်ခဲ့ကြတာပါ။ ရေကူးဝတ်စုံ၊ ရေကူးဘောင်းဘီအတိုတွေနဲ့ ဘီကီနီဝတ်ဆင်ထားသူ ၁၈၀၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြပြီး ပွဲစီစဉ်သူကတော့ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းဝင်ဖို့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ဒေသခံ သတင်းဌာနတွေက ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိစံချိန်တင်ထားတာကတော့ လူပေါင်း ၁၀၀၈ ဦးပါဝင်ပြီး လွန်ခဲ့တဲ့ ၂ နှစ်က ရုရှားနိုင်ငံ ဆိုချီမြို့မှာ ကျင်းပခဲ့တဲ့ နှင်းလျှောစီးပွဲ ဖြစ်ပါတယ်။ မနှစ် ၂၀၁၇ ခုနှစ်ပွဲက နှင်းတွေပိုများလို့ ပိုကောင်းပြီး လူပေါင်း ၁၂၀၀ ပါဝင်ခဲ့တယ်လို့ အခုနှစ် နှင်းလျောစီးပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် ၂၀၁၆ ခုနှစ်ရဲ့ ဂင်းနစ်မှတ်တမ်းကို ချိုးနိုင်ဖို့ ရုပ်သံမှတ်တမ်းသက်သေတွေ မရှိတဲ့အတွက် ၂၀၁၇ ခုနှစ်ပွဲကို ဂင်းနစ်အဖွဲ့ကြီးက အသိအမှတ်မပြုခဲ့ပါဘူး။ ဒါပေမယ့် ဒီတကြိမ်မှာတော့ စံချိန်ချိုးနိုင်ဖို့ အပိုဆောင်းကင်မရာတွေပါ တပ်ဆင်ထားတယ်လို့ ပါဝင်သူတွေက ပြောကြောင်း မေရာသတင်းမှာ မတ်လ ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up