နှင်းထူထပ်တောင်တန်းပေါ်က

March 16, 2019

နှင်းထူထပ်တောင်တန်းပေါ်ကနေ ခွေးလေးကို ရဟတ်ယာဉ်နဲ့ ဘယ်လိုကယ်ခဲ့သလဲ (ရုပ်သံ)

ဆိုးရွားတဲ့ရာသီဥတုအခြေအနေအတွင်း ၄၈ နာရီကြာပျောက်ဆုံးသွားတဲ့ ခွေးလေး တကောင်ကို စကော့တလန်နိုင်ငံ ကိုင်ဂိုရယ်ဒေသမှာ ကယ်ဆယ်ရေး ရဟတ်ယာဉ်တစင်းက ကယ်တင်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ စကော့တလန်နိုင်ငံရဲ့ ရေကြောင်းနဲ့ ကမ်းရိုးတန်းအေဂျင်စီက ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုဖိုင်တွေနဲ့ ဓာတ်ပုံတွေမှာလည်း နှင်းတွေထူထပ်တဲ့ တောင်တန်းတနေရာက ခွေးလေးတကောင်ကို ရဟတ်ယာဉ်ပေါ်ပါ ကယ်ဆယ်ရေးလုပ်သားတွေက ကြိုးနဲ့ ဆွဲတင်ကယ်ဆယ်လိုက်တဲ့ ပုံရိပ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ကမ်းခြေစောင့် ရဟတ်ယာဉ်တစင်းဟာ ဆောင်းရာသီဆိုင်ရာ လေ့ကျင့်မှုပြုလုပ်နေစဉ်မှာ  တောင်စွန်းတနေရာမှာ ပိတ်မိနေတဲ့ ခွေးလေးတကောင်ကို တွေ့ရှိကယ်တင်နိုင်ခဲ့ပါတယ်လို့လည်း ကမ်းခြေစောင့်အေဂျင်စီက ပြောပါတယ်။ “ကယ်တင်နိုင်ခဲ့တဲ့ ခွေးလေးဟာ လက်ရှိအချိန်မှာ ကျန်းမာစွာရှိနေပြီး သူ့ရဲ့ သခင်ဖြစ်သူနဲ့လည်း ပျော်ရွှင်စွာ ပြန်လည်ဆုံစည်းနိုင်ခဲ့ပြီလို့ စကော့တလန်ကမ်းခြေစောင့် တပ်ဖွဲ့က ဗွီဒီယိုဖိုင်နဲ့ အတူ ရေးသားဖော်ပြထားပါတယ်။
3 years Ago
Up