နှင်းထုပြိုမှုကြောင့် သေဆုံးစာရင်းကြေညာထားသည့် အိန္ဒိယစစ်သားကို အသက်ရှင်လျှက် ပြန်တွေ့ (ရုပ်သံ)

A d v e r t i s e m e n t With Us

February 10, 2016

နှင်းထုပြိုမှုကြောင့် သေဆုံးစာရင်းကြေညာထားသည့် အိန္ဒိယစစ်သားကို အသက်ရှင်လျှက် ပြန်တွေ့ (ရုပ်သံ)

အိန္ဒိယ-ပါကစ္စတန် ပိုင်နက်အငြင်းပွား ကက်ရှ်မီးယားဒေသက စစ်စခန်းမှာ နှင်းထုပြိုကျမှုကြောင့် သေဆုံးခဲ့ပြီလို့ ကြေညာထားတဲ့ အိန္ဒိယစစ်သားတဦးကို ၂၅ ပေအနက် နှင်းထု အောက်ကနေ ၆ ရက်အကြာမှာ အသက်ရှင်လျက် ပြန်တွေ့ခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက နိုက် ဟနုမန်သက်ပါကို စီရချန် ရေခဲမြစ်ရှိရာ ပေ ၁၉၆၀၀ အမြင့်မှာရှိတဲ့ ပတ်ဝန်းကျင်မှာ တူးထုတ်ရှာတွေ့ခဲ့တာပါ။ အဲဒီနောက် အိန္ဒိယမြို့တော် နယူးဒေလီက စစ်ဆေးရုံဆီ သူ့ကို တင်ပို့ခဲ့ပြီး အခြေအနေက အသည်းအသန် ဖြစ်နေတယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက သူ့ဆီကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ တနိုင်ငံလုံးက ဆုတောင်းစကားတွေ သယ်လာခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေဟာ ကမ္ဘာ့ခေါင်မိုးပေါ်က စစ်မြေပြင်လို့ သိကြတဲ့ နေရာက နှင်းထုပြိုကျမှုအပြီး ပျောက်ဆုံးစစ်သည် ၁၀ ယောက်ကို သီတင်းပတ် တပတ်နီးပါး ရှာနေခဲ့ကြတာပါ။ ရှင်သန်ကျန် ရစ်သူကို ရှာတွေ့နိုင်ချေက ဝေးလွန်းတယ်လို့ စစ်တပ်က ကယ်ဆယ်ရေး စပြီးနောက်နေ့မှာ ပြောခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ကျန်တဲ့ စစ်သည် အားလုံး သေပြီလို့ ယုံကြည်ကြောင်း ပြောပါတယ်။ အခင်းဖြစ်နေရာက အိန္ဒိယနဲ့ပါကစ္စတန် စစ်သည်တွေဟာ နာမကျန်းဖြစ်မှု၊ လေပြင်း၊ နှင်းကိုက်နာနဲ့ ရေခဲမှတ်အောက် ၆၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ အေးတဲ့ အအေးဒဏ်တွေကို ရင်ဆိုင်ခံစားရလေ့ ရှိပါတယ်။ ဒေသတွင်း ရာသီဥတုနဲ့ နှင်းထုပြိုကျမှုတွေက သေနတ်နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေထက် ပိုပြီး လူအသေအပျောက် များစေပါတယ်။
5 years Ago
Up