နှင်းကျားများ

February 24, 2017

ဒရုန်းယာဉ်ကို ကစားစရာအရုပ်ကဲ့သို့ ဝိုင်းဝန်းဖမ်းဆီးနေကြသည့် နှင်းကျားများ (ရုပ်သံ)

ဆိုက်ဘေးရီးယန်းကျားတွေဟာ ဆီးနှင်းထူတပ်တဲ့ ဒေသတွေမှာ နေထိုင်ကြတာဖြစ်ပြီး သူတို့ရဲ့ သဘာဝနေထိုင်လှုပ်ရှားမှုတွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီကျားတွေဟာ အကြီးမားဆုံး ကျားမျိုးစိတ်တွေဖြစ်ကြပြီး အလျား ၁၃ ပေနဲ့ ကိုယ်အလေးချိန် ပေါင် ၇၀၀ အထိ ရှိနိုင်ပါတယ်။ သူတို့ ကျင်လည်ကျက်စားရာ ဒေသတွေကတော့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ ကိုရီးယားကျွန်းဆွယ်ကနေ အနောက်ဘက် မွန်ဂိုလီးယားအထိ လှည့်လည်နေထိုင်ကြတာပါ။ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးယူနီယံ (အိုင်ယူစီအန်) ရဲ့ ထုတ်ပြန်ချက်တွေအရ ဒီကျားတွေဟာ မျိုးတုံးပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ်တွေထဲမှာ ပါဝင်နေပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဒရုန်းယာဉ်တစီးကို ဆော့ကစားစရာ ကြောင်ရုပ်ကလေးတခုလို ဝိုင်းဝန်းဖမ်းဆီး ဆော့ကစားနေကြတဲ့ ပုံရိပ်တွေကို တွေ့မြင်ရမှာပါ။ တကမ္ဘာလုံးမှာတော့ ဆိုက်ဘေးရီးယန်း နှင်းကျားကောင်ရေ ၃၅၀ နဲ့ ၄၅၀ ကြားသာ ရှိတော့တယ်လို့ Tigersincrisis အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
4 years Ago
Up