နှင်ထုတ်

September 1, 2018

ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ကို နီကာရာဂွါအစိုးရ နှင်ထုတ်

နီကာရာဂွါအစိုးရဟာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံထဲက နှင်ထုတ်မိန့်ကို သြဂုတ် ၃၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ သမ္မတ ဒန်နီယယ်အိုတေဂါအစိုးရက ကျူးလွန်တဲ့ ဖိနှိပ်မှုတွေကို ရှုတ်ချတဲ့ အစီရင်ခံစာကို လူ့အခွင့်အရေးကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ပြီး ၂ ရက်အကြာမှာ နီကာရာဂွါအစိုးရက အခုလိုအမိန့်ထုတ်လိုက်တာပါ။ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ၂ နာရီအတွင်း နိုင်ငံထဲကနေ ထွက်ခွာဖို့ အစိုးရက ကိုယ်စားလှယ်အဖွဲ့ဆီကို စာတစ်စောင်ပေးပို့ခဲ့တာပါ။ နီကာရာဂွါနိုင်ငံမှာ ရဲတွေနဲ့ အင်အားသုံးမှု၊ တရားခွင်မရောက်တဲ့ သတ်ဖြတ်မှု၊ လူပျောက်မှု၊ ဥပဒေကြောင်းအရမဟုတ်တဲ့ ထိန်းသိမ်းမှု၊ ထိန်းသိမ်းရေးစခန်းတွေမှာ လိင်အကြမ်းဖက်မှုနဲ့ နှိပ်စက်မှုတွေအကြောင်း အစီရင်ခံစာတစ်စောင်ကို အခုတပတ်အစောပိုင်းတုန်းက ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။ နီကာရာဂွါနိုင်ငံမှာ သမ္မတ အိုတေဂါကို ဆန့်ကျင်တဲ့ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ အတွင်း လူ ၃ဝဝ ကျော် သေဆုံးပြီး ၂ဝဝဝ ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
3 years Ago

March 5, 2017

မြောက်ကိုရီးယားသံအမတ်ကို မလေးရှားနိုင်ငံက နှင်ထုတ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့အစ်ကို အသတ်ခံရမှု၊ စုံစမ်းစစ်ဆေးမှုကို ပြစ်တင်ဝေဖန်ခဲ့တဲ့ မြောက်ကိုရီးယားသံအမတ်ကို မလေးရှားနိုင်ငံက မတ် ၄ ရက်နေ့က နှင်ထုတ်လိုက်ပါတယ်။ သံအမတ် ခန်းချိုင်က ကင်ဂျုံနမ်ရဲ့အမှုအပေါ် မလေးရှားအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ မယုံကြည်ရဘူးလို့ပြောဆိုခဲ့တာပါ။ အဲဒီလိုပြောဆိုခဲ့မှုကို ပြန်တောင်းပန်ဖို့နွှဲ မတောင်းပန်ရင် ၄၈ နာရီအတွင်း မလေးရှားနိုင်ငံက ထွက်ခွာဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး သံအမတ်က တောင်းပန်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ကင်ဂျုံနမ်ဟာ လွန်ခဲ့တဲ့ ၃ ပတ်က ကွာလာလမ်ပူလေဆိပ်မှာ အမျိုးသမီး ၂ ဦးရဲ့ အဆိပ်ပေးသတ်ဖြတ်ခံခဲ့ရပြီး နောက်ကွယ်မှာ မြောက်ကိုရီးယားနိုင်ငံပါဝင်ပတ်သတ်တယ်လို့ မလေးရှားနိုင်ငံက တိုက်ရိုက်စွပ်စွဲမှုတော့ မရှိပါဘူး။ ကင်ဂျုံနမ်ရဲ့ မျက်နှာကို အဆိပ်နဲ့အုပ်ပြီး သတ်ဖြတ်ခဲ့မှုမှာ မြောက်ကိုရီးယားအစိုးရရဲ့လုပ်ရပ်လို့ အတော်များများက ထင်ကြေးပေးနေကြတာပါ။ “သံအမတ် ခန်းဟာ သူ့ရဲ့ပြောဆိုခဲ့မှုကို ပြန်ပြီးတောင်းပန်ခဲ့ခြင်းမရှိဘူး၊ မလေးရှားနိုင်ငံကို စော်ကားတာပဲဖြစ်ဖြစ်၊ မလေးရှားနိုင်ငံရဲ့ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းအောင်လုပ်တာပဲဖြစ်ဖြစ် မလေးရှားနိုင်ငံက အပြင်းအထန်တုံ့ပြန်သွားမယ်” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မလေးရှားအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လာတောင်းပန်ဖို့ မနေ့ တောင်းဆိုခဲ့ပေမယ့် သံအမတ် ခန်းဟာ လာရောက်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
5 years Ago
Up