ပီရူးနိုင်ငံမှာ ရိုးရာနွားရိုင်းဝှေ့ပွဲတော် ပထမ သုံးရက်အတွင်း ဒဏ်ရာရသူ ၂၃ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
နွားရိုင်းဝှေ့ပွဲတော်ဟာ ဟန်ကာဗီလီကာ ဒေသမှာ ကျင်းပလေ့ရှိတဲ့ ရိုရားပွဲတော်တခု ဖြစ်ပါတယ်။
ဒဏ်ရာသူတွေထဲက ၉ ယောက်က အခြေအနေ ဆိုးတာကြောင့် ဒေသဆေးရုံ တင်ထားရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက် ၃၈ နှစ်အရွယ် လူနာရဲ့ အခြေအနေက အသက်အန္တရယ် စိုးရိမ်ရပါတယ်။ သူဟာ ပီရူးဘာသာနဲ့ ဂျာလာ တိုရို လို့ခေါ်တဲ့ နွားကို စိတ်ဆိုးအောင် ဟန်ရေးပြသူ တယောက်ဖြစ်ပါတယ်၊
ဒီနှစ် ပွဲတော်မှာ ဒဏ်ရာရသူ များတဲ့အတွက် ဒေသ အာဏာပိုင်တွေကလည်း အနီးအနားက ဆေးခန်းတွေကို တပ်လှန့်ထားပါတယ်။ နွားရိုင်းတိုက်ပွဲဟာ အန္တရယ်များပေမယ့် လူကြိုက်များပြီး တပတ်ကြာ ကျင်းပပါတယ်။ ဒီလို နွားတိုက်ပွဲတွေကို ပီရူးသာမက၊ ကိုလံဗီယာနဲ့ မက္ကဆီကိုတို့မှာလည်း ကျင်းပလေ့ ရှိပါတယ်။
6 years Ago