နွားရိုင်းအပြေးပြိုင်ပွဲ

A d v e r t i s e m e n t With Us

July 12, 2019

စပိန် နွားရိုင်းပြေးပြိုင်ပွဲတွင် လူ ၁ ဦး နွားရိုင်းဝှေ့ခံရ

စပိန်နိုင်ငံ မြောက်ပိုင်း ပမ်ပလိုနာမြို့မှာ ပြုလုပ်တဲ့ နွားရိုင်းပြေးပြိုင်ပွဲ ဆဋ္ဌမမြောက်နေ့မှာ လူတယောက် နွားရိုင်းအဝှေ့ခံရပြီး ဒဏ်ရာရသူ လေးယောက်ထက်မနည်း ဆေးရုံပို့ခဲ့ရတယ်လို့ ကြက်ခြေနီအဖွဲ့က ဇူလိုင် ၁၂ ရက်နေ့မှာ ပြောပါတယ်။ သီတင်းပတ်ကြာ ဒီပြိုင်ပွဲကို ဇူလိုင် ၇ ရက်နဲ့ ၁၄ ရက်အကြား ပြုလုပ်ပြီး ဒါဟာ ရာစုနှစ်ချီ တည်တံ့နေတဲ့ စပိန်ရိုးရာ အစဉ်အလာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေဟာ ပမ်ပလိုနာမြို့ရဲ့ ကျဥ်းမြောင်းတဲ့ လမ်းတလျှောက် ၈၇၅ မီတာ ပြေးပွဲကို ယှဉ်ပြိုင်ရပြီး သူတို့နောက်ကို ထွားကြိုင်းတဲ့ နွားရိုင်း ၆ ကောင်က ဦးဆောင်ကာ ရန်လိုနေတဲ့ နွားရိုင်းတွေ အပြုံလိုက် လိုက်ကြတာပါ။ နွားရိုင်းတွေကို ခြံထဲကလွှတ်ပေးပြီး မြို့ရဲ့ နွားရိုင်းကွင်းဆီ ပြေးခိုင်းတာပါ။ အဲဒီလိုပြိုင်ရာမှာ ပြိုင်ပွဲဝင် အပြေးသမားတွေဟာ နွားရိုင်းချိုအဝှေ့ကို ရှောင်ပြီး နွားရိုင်း အနင်းမခံရအောင် ပြေးရပါတယ်။ ဒီပြိုင်ပွဲဟာ ၂ မိနစ်နဲ့ ၁၈ စက္ကန့်ကြာမြင့်ပြီး အပြေးသမားတွေဟာ နွားရိုင်းအုပ်ထက်ဦးအောင် ရှေ့ကနေ ပြေးနိုင်ကြပါတယ်။ အဲဒီနောက်မှာတော့ ကွင်းမှာ နွားရိုင်းသတ်သမားတွေက အဲဒီနွားရိုင်းတွေကို   သတ်ဖြတ်ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up