ပီရူးနိုင်ငံ ကပ်စ်ကိုခရိုင် ဟန်ကာဗယ်လစ်ကာမြို့မှာ နှစ်စဉ်ကျင်းပနေကျ နွားရိုင်းလွှတ်ပွဲတော် ကာလမှာ လူ ၈ ဦးသေဆုံးခဲ့ပါတယ်။
ဒီပွဲတော်ဟာ နှစ်စဉ် ဒီဇင်ဘာ ၃၀ ရက်နေ့မှ ဇန်န၀ါရီ ၂ ရက်နေ့ထိ ကျင်းပနေကျ ရိုးရာပွဲတော်တခု ဖြစ်ပြီး ကွင်းပြင်ကျယ်ကြီးထဲမှာ နွားရိုင်းတွေ လွှတ်ထားကာ အလှပြ နပန်းသတ်ပုတ်ပြရတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။
ပွဲတော်မှာပါဝင်သရုပ်ပြသူတွေနဲ့ ပွဲကြည့်ပရိသတ်တွေကို စိတ်ဆိုးဒေါသ ထွက်နေတဲ့ နွားရိုင်းတွေက လွတ်မြောက်လာပြီး လိုက်ဝှေ့မှုကြောင့် ထွက်ပြေးခဲ့ကြရတာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။
နွားရိုင်းဝှေ့မှုကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့သူတွေကို လူတွေက ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ပြန်လည်တိုက်ခိုက်မှုကြောင့် ကွင်းအတွင်းနဲ့ ပွဲကြည့်စင်တွေဘက် အပြေးအလွှားထွက်ပြေးခဲ့ကြရတာပါ။
ပီရူးနိုင်ငံမှာ နွားရိုင်းလွှတ်ပွဲတော်စီစဉ်တဲ့အဖွဲ့ဟာ ၁ နှစ်မှာ နွားရိုင်းလွှတ်ပွဲ ၅၄၀ လောက် ပြသစီစဉ်တာဖြစ်ပြီး ဒါဟာ တခြားသော လက်တင်အမေရိကနိုင်ငံတွေထက် အကြိမ်အများဆုံး ကျင်းပတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
7 years Ago