နွားရိုင်းပွဲတော်

July 14, 2018

စပိန်နိုင်ငံက ရိုးရာနွားရိုင်းပွဲတော် လာရောက်ဆင်နွှဲသူများဖြင့် စည်ကား

စပိန်နိုင်ငံ ပမ်ပလိုနာမြို့မှာ နှစ်စဉ်ကျင်းပနေကျ ရိုးရာနွားရိုင်းပွဲတော် ကျင်းပနေပြီး ကမ္ဘာတဝှမ်းက လာရောက်ဆင်နွှဲသူတွေနဲ့ စည်ကားနေပါတယ်။ ဒီပွဲတော်ကို နှစ်စဉ် ဇူလိုင် ၆ ရက်ကနေ ၁၄ ရက်အထိ ၉ ရက်ကြာ ကျင်းပနေကျမို့ ဒီကနေ့ နောက်ဆုံးနေ့လည်းဖြစ်ပါတယ်။ ၉ ရက်ကြာပွဲတော်အတွင်း လူတွေဟာ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ မမြင်နိုင်တဲ့ကံကြမ္မာကို စမ်းသပ်ဖို့အတွက် အလုအယက် စာရင်းပေးသွင်းနေကြပါတယ်။ အဖြူရောင်တီရှပ်၊ အနီရောင်လည်စီးနဲ့ အနီရောင်ခါးပတ်တွေ ဝင်ဆင်ထားတဲ့ ပြိုင်ပွဲဝင်တွေဟာ ဒေသစံတော်ချိန် မနက် ၈ နာရီကစလို့ အသင့်စောင့်ဆိုင်းနေခဲ့ကြပါတယ်။ မကြာခင်မှာဘဲ ဒေါသထွက်နေတဲ့ နွားရိုင်း ၆ ကောင်နဲ့အတူ အပြေးပြိုင်ရင်း ပွဲတော်နောက်ဆုံးရက်ကို ရိုးရာမပျက် ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြပါတယ်။
5 years Ago
Up