သြစတြေးလျနိုင်ငံမြောက်ပိုင်းမှ နွားခြံတွေထဲမှာ သြဂုတ်လ ၃၀ ရက်နေ့က မိကျောင်းတ ကောင် ရောက်လာလို့ ဒါဝင်မြို့တောင်ပိုင်း ဒေါက်ကလပ်စ် ဒါလီဒေသက ခြံပိုင်ရှင်တွေဟာ ဒေသတွင်း ရဲစခန်းဆီ အကူအညီ တောင်းခဲ့ရပါတယ်။
အဆိုပါနွားခြံကနေ နွားတွေကို ဖမ်းယူအပြီး ၄.၃၃မီတာရှည်တဲ့ မိကျောင်းကြီးကို သြစတြေးလျ ရဲတွေက ဖမ်းယူနိုင်ခဲ့ကြတာပါ။
ရဲဌာနနဲ့ မီးသတ်ဌာနတွေရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေ ဖြန့်ချိတဲ့ ရုပ်သံ ထဲမှာတော့ မိကျောင်းကို ထိန်းချုပ်နေပုံကို ပြထားပါတယ်။
မြောက်ပိုင်းနယ်မြေ ဥယျာဉ်နဲ့ သားရိုင်းကော်မရှင်ကလည်း ဒီမိကျောင်းကြီးကိုဖမ်းရာမှာ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။
ရဲတွေနဲ့ တောထိန်းတွေဟာ ထောင်ချောက်ကို သုံးပြီး မိကျောင်းကို ဖမ်းခဲ့ရတာပါ။
ဖမ်းမိတဲ့ မိကျောင်းကို ဒေသတွင်း မိကျောင်းမွေးမြူရေးစခန်းဆီ ပို့ခဲ့ပြီး တကယ်လို့ မိ ကျောင်းရဲ့ အခြေအနေက သင့်တော်ခဲ့ရင် သူ့ကို သားဖောက်တဲ့ အစီအစဉ်မှာ အသုံးချမယ်လို့ ရဲဌာန ပြန်ကြားရေးအဖွဲ့မှ ဂျာဆွန်ဂိတ်စ်က ပြောပါတယ်။
ရေလမ်းကြောင်းတလျှောက်မှာနေတဲ့ ရေငံမိကျောင်းတွေကို သတိထားကြဖို့ မြောက်ပိုင်း နယ်မြေ ဥယျာဉ်နဲ့ သားရိုင်းကော်မရှင်က ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
ခရီးသွားချိန် ငါးဖမ်းချိန်နဲ့ ဒေသတွင်း လမ်းလျှောက်ချိန်တွေမှာ သတိထားသင့်တယ်လို့ လည်း တိုက်တွန်း ထားခဲ့တာပါ။
5 years Ago