နွားသိုး

May 20, 2018

နွားသိုး၏ တဟုန်ထိုးတိုက်ခိုက်ခြင်းကို မကြောက်မလန့်ခံကြသည့် ရိုဒီယိုကစားပွဲ (ရုပ်သံ)

အမေရိကန်နိုင်ငံ အိုကလားဟိုးမားပြည်နယ်မှာ ကျင်းပလေ့ရှိတဲ့ မီယာမီ ရိုဒီယိုကစားပွဲမှာ အမျိုးသားတွေက ငွေပေးပြီး နွားသိုးကြီးတွေရဲ့ တဟုန်ထိုး တိုက်ခိုက်ခံကြတယ်လို့ သိရပြီး ဒီကစားပွဲရဲ့ ထိတ်လန့်ဖွယ် ရုပ်သံ ထွက်ပေါ်လာပါတယ်။ အံ့သြဖွယ်ရုပ်သံထဲမှာ အားကစားရုံကြီးရဲ့ မြေပြင်ပေါ် ထူးထူးဆန်းဆန်း ဂွင်းတွေ ချထားပြီး အမျိုးသားတွေနဲ့ တခါတရံအမျိုးသမီးတွေက ဂွင်းအလယ်မှာ ရပ်နေကြကာ ဒေါသထွက်နေတဲ့ နွားသိုးကြီးရဲ့ တိုက်ခိုက်တာခံဖို့ စောင့်နေကြတာ တွေ့ရပါတယ်။ အားကစားရုံရဲ့ ဘေးဘက်မှာ လူတွေက အော်ဟစ် စောင့်ကြည့်နေကြပြီး ၃ တန် လောက်အလေးချိန်ရှိတဲ့ နွားသိုးကြီးကို တွန်းထုတ်လိုက်ချိန်မှာ ရုံထဲက အရွယ်ရောက်ပြီးသား အမျိုးသားတွေကို နွားသိုးကြီးက တဟုန်ထိုးတိုက်ခိုက်ပြီး လေထဲပစ်လွှတ်လိုက်တာ မြင်ရပါတယ်။ ရုပ်သံတခုထဲမှာတော့ ဆိုင်ကယ်စီးဦးထုတ်ဆောင်းထားတဲ့ အမျိုးသမီးကို နွားသိုးပျိုတကောင်က လူအုပ်စုရှေ့ လေထဲ ပစ်တင်လိုက်ပြီး ဦးချိုနဲ့ ထိုးတာလည်း တွေ့ရပါတယ်။ ဒီပွဲမှာ ပါဝင်တဲ့သူတွေအနေနဲ့ အရိုးကျိုးနိုင်တာ ဦးချိုနဲ့ထိုးခံရနိုင်တာ စတဲ့ အန္တရာယ်တွေ ရှိပေမယ့် ပွဲအတွင်းပါဝင်ဖို့ ပါဝင်သူတွေက တဦးစီ ၂၅ ဒေါ်လာပေးရတယ်လို့လည်း ဆိုပါတယ်။ ဒီကစားပွဲအပြီးမှာ နောက်ဆုံး မတ်တပ်ရပ်ပြီး လမ်းလျှောက်နိုင်သူ ဒါမှမဟုတ် ထော့နင်းထော့နင်းသွားနိုင်သူက ဝင်ကြေး ဒေါ်လာ ၁၀၀ သာသာရှိတဲ့ ငွေနဲ့ အိမ်ပြန်သွားကြတယ်လို့ သည်ဆန်းသတင်းတပုဒ်မှာ မေလ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago

August 31, 2017

ဒေါသထွက်နေသည့် နွားသိုးကြီးက လူများကို ဦးချိုဖြင့် လိုက်ခတ် (ရုပ်သံ)

စပိန်နိုင်ငံမှာကျင်းပတဲ့ နှစ်စဉ် နွေရာသီပွဲတော်မှာ ဒေါသထွက်နေတဲ့ နွားသိုးကြီးတကောင်ဟာ ပွဲကြည့်စင်ကို ဦးချိုနဲ့ တွန်းဝှေ့ခတ်ခဲ့လို့ စင်ပေါ်နဲ့ စင်အောက်က ဒါဇင်နဲ့ချီတဲ့လူတွေ ပြုတ်ကျတာ၊ လေထဲ မြောက်တက်သွားတာတွေ ဖြစ်ခဲ့တဲ့ ရုပ်သံ ထွက်ပေါ်လာခဲ့ပါတယ်။ စပိန်နိုင်ငံ ဗာလန်ရှီယာဒေသမြောက်ပိုင်း ဆာရာမြို့မှာ ပွဲတော်ကိုကြည့်ရှုသူ လူတချို့ သစ်သားစင်ပေါ်မှာ ထိုင်နေပေမယ့် ပွဲတော်လာသူတဦးနောက်ကို လိုက်ခဲ့တဲ့ နွားသိုးကြီးက စင်ရဲ့အောက်ခြေကို တွန်းဝှေ့ကာ ဦးချိုနဲ့ခတ်ခဲ့လို စင်ထိပ်မှာထိုင်နေတဲ့ လူ ၁၀ ယောက်လောက် ပြုတ်ကျလာတာကို ရုပ်သံအနှေးကွက်ထဲမှာ မြင်ရပါတယ်။ ခြောက်ပေလောက်အမြင့်ရှိတဲ့ စင်ပေါ်ကနေ လူတော်တော်များများ မြေပြင်ပေါ်ကို နောက်ပြန်ပြုတ်ကျခဲ့လို့ လူ ၂ ဦး ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပြီး အဲ့ဒီပြုတ်ကျတဲ့လူတွေထဲမှာ အားလပ်ရက်အတွက် ဒီဒေသကို ရောက်ရှိနေတဲ့ ဗလင်စီယာဒေသ အခြေစိုက် ရဲအရာရှိတဦး ပါတယ်လို့ ဆိုပါတယ်။ ရဲအရာရှိက ဦးခေါင်းမှာ ဒဏ်ရာရပြီး လက်မောင်းကျိုးလို့ ဆေးရုံကို ညတွင်းချင်း ပို့ဆောင် ကုသခဲ့ရတယ်လို့ သိရပါတယ်။ ဆယ်ကျော်သက်လို့ ယူဆရတဲ့ ၂ ဦး အပါအဝင် သစ်သားစင်ထိပ်ပေါ်မှာ ရှိနေတဲ့သူတွေလည်း စင်အောက် နွားသိုးကြီးနား ပြုတ်ကျခဲ့ပြီး ကံကောင်းစွာနဲ့ နွားသိုးကြီးက သူတို့ကို ဦးချိုနဲ့လှည့်မခတ်ဘဲ အရှေ့ဘက်ကို ပြေးသွားတာ တွေ့ရပါတယ်။ နောက်ထပ် တခြား လူ ၄ ဦးလည်း အသေးစားထိခိုက်ဒဏ်ရာတွေ ရရှိလို့ ပွဲတော်ကွင်းထဲမှာရှိတဲ့ ဆေးရုံက ကုသပေးရတယ်၊ ဒီအဖြစ်အပျက်ကြောင့် ပွဲတော်ကို ရက်ရွှေ့လိုက်တယ်လို့ ဆိုပါတယ်။ ဒီလအစောပိုင်းတုန်းကလည်း ဘန်နီဒွန်းမ်မြို့နား ကယ်ပီအားလပ်ရက် အပန်းဖြေစခန်းက နှစ်စဉ် နွားရိုင်းပွဲတော်မှာ နွားသိုး နောက်ကလိုက်ပြီး ဦးချိုနဲ့ခတ်ခဲ့တဲ့ အဖြစ်တခု ဖြစ်ပျက်ခဲ့ပြီး အမျိုးသား ၂ ဦး ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ စပိန်နိုင်ငံမှာ နွားသိုးတွေပါဝင်တဲ့ နှစ်စဉ် နွေရာသီပွဲတော်အတွင်း လူတွေ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရတယ်လို့ မေရာသတင်းမှာ သြဂုတ် ၃၀ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up