နွားလှည်းပြိုင်ပွဲ

February 10, 2018

ပြည်ထောင်စုနေ့အထိမ်းအမှတ် နွားလှည်းပြိုင်ပွဲကျင်းပ

  မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်နယ်မြေက သရက်ကုန်းရပ်ကွက်မှာ ၇၁ ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နွားလှည်းပြိုင်ပွဲကျင်းပနေပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ကနေ ၁၂ ရက်နေ့အထိ ပြိုင်ပွဲကာလ ၃ ရက်အတွင်း အုပ်စုပွဲစဉ်၊ ကွာတားဖိုင်နယ်၊ ဆီးမီးဖိုင်နယ် ဆိုပြီးယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲဝင် ၁၂ စီး ဝင်ရောက်ယှဉ်ပြိုင်နေကြပြီး ပထမဆု ကျပ်ငွေ (၉) သိန်း၊ ဒုတိယဆု ကျပ်ငွေ (၆) သိန်းနဲ့ တတိယဆု ကျပ်ငွေ (၃)သိန်း ချီးမြှင့်သွားမှာပါ။ ပြည်ထောင်စုနေ့အထိမ်းအမှတ် နွားလှည်းပြိုင်ပွဲ မော်လမြိုင်မြို့မှာ ကျင်းပနေတာ တတိယအကြိမ် ရှိနေပါပြီ။ ကျော်စိုး
3 years Ago

March 26, 2015

တောင်သမန်အင်းက မြန်မာ့ရိုးရာ နွားလှည်းပြိုင်ပွဲ (ရုပ်သံ)

မန္တလေးမြို့ တောင်သမန်အင်းမှာ ကျင်းပတဲ့  မြန်မာ့ရိုးရာ နွားလှည်းပြိုင်ပွဲကို  ဝင်ပြိုင်တဲ့ နွားလှည်းတွေ မနှစ်ကထက် ပိုများလာလာပါတယ်။ မန္တလေးတိုင်း အမရပူရမြို့ မဟာဝိဇယရံသီ ပုထိုးတော်ကြီး (၁၀၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအဖြစ် မြန်မာ့ရိုးရာ နွားလှည်းပြိုင်ပွဲ ကျင်းပလေ့ ရှိပြီး မနှစ်ကထက် ဒီနှစ်ပြိုင်ပွဲဝင် နွားလှည်းတွေ ပိုများလာတယ်လို့ ပွဲတာဝန်ခံ ဦးချစ်ဖေက ပြောပါတယ်။ မြန်မာ့ရိုးရာ နွားလှည်းပြိုင်ပွဲကို ဆယ်စုနှစ်ကျော် ရပ်ဆိုင်းထားခဲ့ရာက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကမှ ပြန်လည်ကျင်းပနိုင်ခဲ့တဲ့အတွက် ဒီနှစ်နဲ့ဆို ၂ နှစ်မြောက်ပဲ ရှိပါသေးတယ်။ ပြိုင်ပွဲ အမျိုးအစား ၅ မျိုးကို ၆ ရက်ကြာ ကျင်းပခဲ့ပါတယ်။ မနှစ်က ဘုရားထီးတော်တင်ပွဲနဲ့ ပူးတွဲကျင်းပတာကြောင့် ပထမ၊ ဒုတိယနဲ့ တတိယဆုတွေကို ၅ သိန်း၊ ၃ သိန်းနဲ့ ၂ သိန်းချီးမြှင့်ခဲ့ပေမယ့် ဒီနှစ်တော့ ၂ သိန်း၊ ၁ သိန်းနဲ့ ၅ သောင်းပဲ ချီးမြှင့်နိုင်တယ်လို့ မြစ်သားမြို့နယ် ယမုန်းကြီးရွာနေ ဦးကျော်မြိုင်က ပြောပါတယ်။ ဒီပြိုင်ပွဲကို စစ်ကိုင်းတိုင်း မန္တလေးတိုင်း  ကျောက်ဆည်ခရိုင်ဘက်က ကျေးရွာတွေနဲ့ မတ္တရာမြို့နယ်ဘက် ကျေးရွာတွေ လာရောက်ယှဉ်ပြိုင်ကြပါတယ်။ ရိုက်ကူး - အောင်အောင်၊ တင်ဆက် - ခင်မင်းဇော်
6 years Ago
Up