နွားမကြီး

May 10, 2017

သားကိုသတ်သည့် မြွေကြီးကို ကလဲ့စားချေ တိုက်ခိုက်သည့် မိခင်နွားမကြီး (ရုပ်သံ)

မိမိရင်သွေးအပေါ် ထားရှိတဲ့ မေတ္တာတရားဟာ လူသားတွေမှာတင်မဟုတ်ဘဲ တိရစ္ဆာန်တွေရဲ့ ကမ္ဘာမှာလည်း ရှိတတ်တာမျိုးပါ။ ကိုယ့်ရဲ့ရင်သွေးကို သတ်သွားခဲ့သူကို တွေ့ချိန်မှာ ခံစားလိုက်ရတဲ့ မိခင်ရဲ့ခံစားမှုမျိုးနဲ့ မိခင်နွားမကြီးရဲ့ ကလဲ့စားချေတိုက်ခိုက်မှုကို ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။ သူ့ရဲ့ရင်သွေး နွားပေါက်ကလေးကို သတ်ခဲ့တဲ့ မြွေကြီးကို မြက်ခင်းပြင်တခုပေါ်မှာ တွေ့လိုက်ရချိန် နွားမကြီးဟာ ဒေါသတကြီးနဲ့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာပါ။ နွားမကြီးဟာ ဒေါသကို မထိန်းနိုင်ဘဲ မြွေကြီးကို ခွာနဲ့ပေါက် တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာဟာ ထိတ်လန့်စရာပါ။ အဲဒီအနီးအနားမှာတော့ ရွာသားတွေ ရှိနေခဲ့ကြပြီး သူတို့ဟာ အန်နာကော်ဒါမြွေကြီးကို ကြိုးကွင်းစွပ်ဖမ်းထားကာ အခင်းဖြစ်တဲ့ နေရာကနေ ဆွဲထုတ်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ မိခင်နွားမကြီးရဲ့ ဒေါသတကြီး အော်ဟစ်သံဟာ သားကို ဆုံးရှုံးရလို့ ငိုကြွေးနေသံလို ဖြစ်နေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။ မြွေကြီးဟာ အစပိုင်းမှာတော့ ပြန်တုံ့ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ အရှုံးပေးခဲ့ရတာကို တွေ့ရပါတယ်။
4 years Ago
Up