နွားပွဲဈေးမြင်ကွင်း

May 6, 2017

အရောင်းအ၀ယ်အေးနေတဲ့ မိထ္ထီလာနွားပွဲဈေးမြင်ကွင်း - ဓာတ်ပုံ

မန္တလေးတိုင်းဒေသကြီး မိထ္ထီလာမြို့က နွားပွဲဈေးမှာ နွားအရောင်းအ၀ယ်အအေးနေတယ်လို့ နွားရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူတွေကပြောပါတယ်။ တောင်သူလယ်သမားတွေရဲ့ အရောင်းနွားတွေများနေပြီး ၀ယ်လက်တွေမရှိလို့ အရောင်းအ၀ယ်အေးတာလို့ ဆိုပါတယ်။ နွားဈေးကတော့ ပုံမှန်အတိုင်းရှိနေပြီး သာမန်ခိုင်းနွားတစ်ကောင်ကို ကျပ် ၇ သိန်းနှုန်းလောက် ပေါက်ဈေးရှိနေပါတယ်။ မိထ္ထီလာနွားပွဲဈေးမှာ နွားရောင်းဝယ်တာတွေကို တရားဝင်ပြုလုပ်နေတာဖြစ်ပြီး အရောင်းအ၀ယ်ဖြစ်ရင် တစ်ကောင်ကို ၆ ထောင်နှုန်း ကောက်ခံတယ်လို့ သိရပါတယ်။ သတင်း-ဓာတ်ပုံ- အောင်ကျော်ဇော
4 years Ago
Up