နျူကလီးယား သဘောတူညီချက်

April 29, 2018

နျူကလီးယား သဘောတူညီချက်ပြောင်းလဲရန် ထရမ့်၏ တောင်းဆိုမှုကို အီရန် ငြင်းပယ်

အင်အားကြီးနိုင်ငံတွေနဲ့ နျူကလီးယား သဘောတူညီချက်ကို ပြောင်းလဲဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ တောင်းဆိုချက်ကို လက်မခံနိုင်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ် ဂျာဗက် ဇာရိဖှ် က ဧပြီ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒေါ်နယ်ထရမ့်က ဥရောပမဟာမိတ်တွေအနေနဲ့ မေလ ၁၂ ရက်မှာ အီရန်နဲ့ နျူကလီးယား သဘောတူညီချက်ကို ပြင်ဆင်မှုမရှိခဲ့ရင် အီရန်ကို လွတ်ငြိမ်းခွင့်ပေးထားတဲ့ ပိတ်ဆို့အရေးယူမှု သက်တမ်းကို မတိုးပေးနိုင်ဘူးလို့ ပြောထားခဲ့တာပါ။ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပိတ်ဆို့ အရေးယူမှုတွေဟာ အီရန်နျူကလီးယား သဘောတူညီချက်နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။ “အီရန်နဲ့ သဘောတူညီချက်ဟာ အမေရိကန်အပါအ၀င် ကုလလုံခြုံရေး ကောင်စီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သဘောတူညီချက် ဖြစ်တယ်။ ထရမ့်က တာဝန်ယူမှုမရှိတဲ့အပြင် အီရန်နိုင်ငံသားတွေနဲ့ တခြားအင်အားကြီးနိုင်ငံ အဖွဲ့ဝင်တွေ လက်မခံနိုင်တဲ့ လိုအပ်ချက်တွေကို တောင်းဆိုနေတယ်” လို့ ဇာရိဖှ် က တုံ့ပြန်ပြောကြားခဲ့ပါတယ်။
3 years Ago
Up