နျူကလီးယား သိပ္ပံပညာရှင်ကို ကွပ်မျက်လိုက်ကြောင်း အီရန်အစိုးရ အတည်ပြု

A d v e r t i s e m e n t With Us

August 8, 2016

နျူကလီးယား သိပ္ပံပညာရှင်ကို ကွပ်မျက်လိုက်ကြောင်း အီရန်အစိုးရ အတည်ပြု

အမေရိကန်နိုင်ငံကို လျှို့ဝှက်သတင်းပေးမှုနဲ့ အီရန် နျူကလီးယားသိပ္ပံပညာရှင်တဦးကို ကွပ်မျက်လိုက်ပြီလို့ အီရန်အစိုးရက သြဂုတ် ၇ ရက်မှာ အတည်ပြု ပြောဆိုပါတယ်။ အသက် ၃၉ နှစ်အရွယ် သိပ္ပံပညာရှင် အာမီရီဟာ ၂၀၀၉ ခုနှစ်က ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ မက္ကာကို ဘုရားဖူးထွက်ခွာသွားရင်း ပျောက်သွားခဲ့ပြီး နောက်တနှစ်မှ အမေရိကန်ပြည်ထောင်စုမှာ ပြန်ပေါ်လာတာပါ။ သူကတော့ အမေရိကန် ထောက်လှမ်းရေးက သူ့ကို ပြန်ပေးဆွဲသွားပြီး လျှို့ဝှက်ချက်တွေ စစ်ကြောခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် အီရန်နိုင်ငံကို ပြန်လာခဲ့ပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရပါတယ်။ သြဂုတ် ၆ ရက်နေ့ကမှ သူကွပ်မျက်ခံရတဲ့သတင်းတွေ ဖော်ပြခဲ့ကြပြီး လည်ပင်းမှာ ကြိုးကွင်းဒဏ်ရာနဲ့ အလောင်းကို မိသားစုဝင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သူ့ရဲ့မိခင်က ပြောပါတယ်။ ၂၀၁၀ ခုနှစ်က အမေရိကန်ပြည်ထောင်စုကို ရောက်သွားတဲ့အချိန်မှာ အမေရိကန်ထောက်လှမ်းရေးက သူ့ကို အတင်းစစ်မေးခဲ့တယ်လို့ ပြောဆိုပေမယ့် အမေရိကန် အာဏာပိုင်တွေကတော့ သူ့သဘောနဲ့သူ အရေးကြီး အချက်အလက်တွေ ပေးတယ်လို့ ပြောဆိုပါတယ်။ အီရန်ကို ပြန်လာတဲ့အချိန်မှာတော့ သူရဲကောင်းတယောက်လို ကြိုဆိုခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဖမ်းဆီးခံရပြီး နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
5 years Ago
Up