နျူကလီးယားအရေး

August 31, 2018

မြောက်ကိုရီးယား နျူကလီးယားအရေး အမေရိကန်မှတ်ချက် တာဝန်မဲ့ဟု တရုတ် ပြော

မြောက်ကိုရီးယား နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ မှတ်ချက်ပေး ပြောကြားမှုတွေဟာ တာဝန်မဲ့ပြီး နားလည်ရခက်တယ်လို့ တရုတ်နိုင်ငံက သြဂုတ် ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ဟာ ကိုရီးယားကျွန်းဆွယ်အရေးကို နိုင်ငံရေးအရ ဖြေရှင်းရာမှာ တရုတ်နိုင်ငံလိုမျိုး အကောင်းမြင်ပြီး တာဝန်ယူတတ်တဲ့ ကဏ္ဍကနေ အားထုတ်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချွန်းရင်က ပြောပါတယ်။ ဒါ့ကြောင့် တခြားတနိုင်ငံကို အပြစ်မတင်ဘဲ လက်ရှိဖြစ်နေတဲ့ အခြေအနေ ရှုပ်ထွေးခက်ခဲမှုတွေကို မြင်အောင်ကြည့်သင့်တယ်လို့လည်း ဟွာချွန်းရင်က ပြောပါတယ်။ မြောက်ကိုရီးယားဟာ တရုတ်နိုင်ငံဆီကနေ ဖိအားကြီးကြီးမား ခံနေရပေမယ့် တရုတ်ဟာ မြောက်ကိုရီးယားကို လောင်စာ၊ မြေသြဇာနဲ့ အခြေခံအသုံးအဆောင်တွေ ထောက်ပံ့နေတုန်းဖြစ်လို့ ဒါဟာ အထောက်အကူ မဖြစ်ဘူးလို့ အိမ်ဖြူတော်က ပြောကြားထားပါတယ်။
5 years Ago
Up