နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေး၍ရမည်မဟုတ်ဟု မြောက်ကိုရီးယားသံတမန် ပြော

October 6, 2017

နျူကလီးယားလက်နက် ဖျက်သိမ်းရေးအဖွဲ့ ၂၀၁၇ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရ

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် နျူကလီးယားလက်နက်ဖျက်သိမ်းရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ (ICAN) ကို ၂၀၁၇ နှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပေးအပ်ချီးမြှင့်ကြောင်း နော်ဝေနိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီက ဒီကနေ့ ကြေညာပါတယ်။ နျူကလီးယားလက်နက်တွေ အသုံးပြုမှုကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဒုက္ခ အကျိုးဆက်တွေ ဖြစ်ပွားမှုကို အာရုံစိုက်လာအောင် လုပ်ဆောင်မှုနဲ့ ဒီလိုလက်နက်တွေ အသုံးမပြုအောင် သဘောတူစာချုပ်တွေကို အခြေခံတဲ့ တားဆီးပိတ်ပင်မှုတွေ လုပ်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေအတွက် ဆုချီးမြှင့်တာလို့ ဆုရွေးချယ်ရေးကော်မတီက ပြောပါတယ်။ ဒီအဖွဲ့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ အခြေစိုက်ကာ ၂၀၀၇ ခုနှစ်ကတည်းက စတင်လှုပ်ရှားနေတာဖြစ်ပြီး လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၁၀၀ ကျော်က အဖွဲ့အစည်းပေါင်း ၄၆၈ ဖွဲ့နဲ့ မိတ်ဘက်လုပ် ပူးတွဲဆောင်ရွက်နေပါတယ်။ အခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လူပုဂ္ဂိုလ် ၂၁၅ ဦးနဲ့ အဖွဲ့အစည်း ၁၀၄ ဖွဲ့ အပါအဝင် အမည်စာရင်း တင်သွင်းသူပေါင်း ၃၁၈ ဦးထဲကနေ ရွေးချယ်ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က နိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းသူပေါင်း ၃၇၆ ဦးနဲ့ တင်သွင်းသူအများဆုံး စံချိန်တင်ခဲ့ပြီး အခုနှစ်ကတော့ ဒုတိယအများဆုံး ဖြစ်ပါတယ်။
4 years Ago

August 30, 2017

နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးရန် မြောက်ကိုရီးယားကို တိုက်တွန်း

နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးဖို့ မြောက်ကိုရီးယားကို တောင်ကိုရီးယားက တိုက်တွန်းလိုက်ပါတယ်။ မြောက်ကိုရီးယားက သြဂုတ် ၂၉ ရက်မှာ နောက်ထပ် ပဲ့ထိန်းဒုံးတစင်း ထပ်မံပစ်လွှတ်လိုက်ချိန် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရုံးက ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးမယ့်လမ်းကို ရွေးမလား၊ နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်တာခံရမယ့် လမ်းကို ရွေးမလားလို့ မြောက်ကိုရီးယားကို မနေ့ကပဲ မေးခွန်းထုတ်ခဲ့ပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရုံး ပြောရေးဆိုခွင့်ရှိသူက မြောက်ကိုရီးယားအနေနဲ့ အခုလို မဆင်မခြင် ရန်စတာတွေ လုပ်နေမယ့်အစား နျူကလီးယားလက်နက်တွေကို ဖျက်သိမ်းလိုက်မှသာ စီးပွားရေးနဲ့ လုံခြုံရေး တိုးတက်မှုတွေ ရလာနိုင်မယ် ဆိုတာကို သဘောပေါက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့်လမ်းကို ရွေးသင့်တယ်လို့ ပြောပါတယ်။ ဆက်လက်ပြီး "နောက်ထပ် နျူကလီးယားဒုံးတွေနဲ့ ရန်စတာတွေ လုပ်နေဦးမယ် ဆိုရင်တော့ ကျနော်တို့ရဲ့ ခိုင်မာတဲ့ မဟာမိတ် အမေရိကန်နဲ့အတူ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားရပါလိမ့်မယ်" လို့ ပြောပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းကို ဖြတ်ပြီး ဒုံးကျည်ပစ်လွှတ် စမ်းသပ်လိုက်တာကြောင့် မြောက်ကိုရီးယားကို အခုလို တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up