နျူကလီးယားစမ်းသပ်ကွင်းတွင် ဘောလီဘောကစားနေကြသည့် မြောက်ကိုရီးယား စစ်သားများဓာတ်ပုံ ထွက်ပေါ်

April 22, 2017

နျူကလီးယားစမ်းသပ်ကွင်းတွင် ဘော်လီဘောကစားနေကြသည့် မြောက်ကိုရီးယား စစ်သားများဓာတ်ပုံ ထွက်ပေါ်

မြောက်ကိုရီးယားဟာ ကြီးမားတဲ့ နျူကလီးယားစမ်းသပ်မှုတခုလုပ်လိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာ နျူကလီးယားစမ်းသပ်ကွင်းအတွင်း မြောက်ကိုရီး ယားစစ်သားတွေ ဘောလီဘောကစားနေကြတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန်-မြောက်ကိုရီးယားနှစ်နိုင်ငံ အခြေအနေတင်းမာနေချိန်မှာ အမေရိကန် ကျွမ်းကျင်ပညာရှင်တွေက မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်တဲ့ နေရာကို ဂြိုဟ်တုကနေကြည်တဲ့အချိန်မှာ ခုလိုတွေ့မြင်ခဲ့ရတာလို့ မေရာသတင်းတပုဒ်မှာ ဧပြီလ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ လေ့လာဆန်းစစ်သူတွေဟာ ဖွန်ဂျီရီ နျူကလီးယား စမ်းသပ်ကွင်းပြင်မှာ မြေ အောက်ပေါက်ကွဲမှုအတွက် ပြင်ဆင်နေလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြတာဖြစ်ပြီး  အရပ်သုံး  ဂြိုဟ်တုတစ်ခုက ရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံတွေမှာ ခုလိုတွေ့ရတဲ့ပုံစံကိုတော့ သူတို့အနေနဲ့  မမျှော်လင့်ခဲ့ကြပါဘူး။ ၀ါရှင်တန်အခြေစိုက် မြောက်ကိုရီးယား စောင့်ကြည့်ရေးပရောဂျက် 38 North မှ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ ဂျိုးဘာမြူဒက်ဇ်က “စက်ရုံအတွင်း နေရာ ၃ ခုဖြစ်တဲ့ အဓိကထိန်းချုပ်ခန်း၊ ထောက်ပံ့တဲ့နေရာနဲ့ ထိန်းချုပ်တဲ့နေရာအနီးက အစောင့်တန်းလျားမှာ ဘော်လီဘောပွဲတွေ ကျင်းပနေတာကို တွေ့ခဲ့ရတာပါ”လို့ ပြောပါတယ်။ သူက ဒီအခြေအနေနဲ့ ပတ်သက်ပြီး နျူကလီးယား စမ်းသပ်တဲ့နေရာဟာ အဆင် သင့်ဖြစ်တဲ့အဆင့်ထိ ရောက်နေတာ၊ ဒါမှမဟုတ် မြောက်ကိုရီးယားတွေက ဒီနေရာကို ပြင်ပကလူတွေ အမြဲလေ့လာနေမယ်မှန်းသိတဲ့အတွက်  အာရုံထွေပြားအောင်လုပ်တာ လည်းဖြစ်နိုင်တယ်လို့ ဖြစ်နိုင်ခြေကို သုံးသပ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးခင်လတွေအတွင်းက ကုလသမဂ္ဂအဖွဲ့ကြီး ရဲ့ အရေးယူမှုတွေကို ဆန့်ကျင်ကာ တာဝေးပစ်ဒုံးလက်နက်တွေ အမြောက်အမြားကို ပစ်လွှတ်ခဲ့ပြီး ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို မကြာခင်လုပ်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က ဖွန်ဂျီရီကို ရိုက်ကူးထားတဲ့ ပုံတွေအရ မြေ အောက်လုပ်ငန်းလုပ်ဆောင်နေတဲ့ လက္ခဏာအဖြစ် မြေကြီးလှည်းတွေကနေ မြေကြီးစု ပုံနေတဲ့ လက္ခဏာတွေကို တွေ့ရပေမယ့် နျူကလီးယားစမ်းသပ်မှုအတွက်သုံးတဲ့ မြေ အောက်တွင်းစနစ်ကနေ ရေတွေ ပန်းထွက်နေတာကိုတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။
4 years Ago
Up