စစ်သင်တန်းတက်ရောက်နေတဲ့ တရုတ်စစ်သမီးလေးတွေဟာ နူးညံ့လိမ့်မယ်လို့ ထင်ရပေမယ့် တကယ့်ကို လှပကြံ့ခိုင်ကြပါတယ်။
မကြာသေးခင်ကတော့ တရုတ်စစ်သမီးပျိုလေး ၆ ဦးရဲ့ ဓာတ်ပုံတွေဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားလာခဲ့ပါတယ်။
သူတို့ဟာ စစ်လေးလေ့ကျင့်မှု သင်တန်းကျောင်းတခုထဲမှာ အတူတက်ရောက်နေကြတာဖြစ်ပြီး ဒီပုံတွေကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှတဆင့် မျှဝေခဲ့တာပါ။
စက်တင်ဘာလဟာ တရုတ်နိုင်ငံ တက္ကသိုလ်တွေရဲ့ စစ်ရေးလေ့ကျင့်မှုတွေ စတင်ချိန်ဖြစ်လို့ ဒီပုံတွေကနေ သင်တန်းသစ် စတင်တက်ရောက်ကြမယ့် စစ်သမီးလောင်းလျာတွေကို အားအင်တခု ဖြစ်စေလိမ့်မယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - ဆင်ဟွာ
4 years Ago